ရေဝင်ကျေးရွာများတွင် ရေသန့်စင်စက်များလှူဒါန်း

မန္တလေးတိုင်းဒေသကြီးမြင်းခြံ မြို့တွင် ဧရာဝတီမြစ်ရေကြီးလာမှု ကြောင့် ရေဝင်ကျေးရွာများတွင် သောက်ရေအတွက် ပူပန်မှုမရှိစေ ရန်၊တစ်ဖက်တစ်လမ်းမှအထောက် အကူပြုစေရန်ရည်ရွယ်၍ ရေသန့် စင်စက်(C-MEM Zero)များ လှူဒါန်းခြင်းကို ထနောင်းတိုင်ကျေးရွာ တွင် ယမန်နေ့ မွန်းလွဲ ၂ နာရီ မိနစ် ၂ဝ က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရေသန့်စင်စက် (C-MEM Zero) များလှူဒါန်းသည့် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ တိုင်းဒေသကြီး ပါတီကော် မတီဝင် ဦးဝင်းမောင်က လှူဒါန်းရ ခြင်းအကြောင်းကို ရှင်းလင်းပြော ကြားပြီး ရေသန့်စင်စက်(C-MEM Zero) ကို တပ်ဆင်အသုံးပြုနည်း အားလက်တွေ့ပြုလုပ်ပြသခဲ့သည်။ ဆက်လက်၍ ရေသန့်စင်စက် (C-MEM Zero)များကို တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီ ကော်မတီဝင်များက ကျေးရွာများသို့ ပေးအပ်လှူဒါန်း ရာ ကျေးရွာများ မှ လက်ခံရယူခဲ့ ကြသည်။ ထို့နောက် ကျေးရွာများ ကိုယ်စားပြည်သူတစ်ဦးကကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့ သည်။

ရေသန့်စင်စက် (C-MEM Zero)များသည် တစ်လုံးလျှင် ကာလတန်ကြေး ကျပ်သိန်း ၂ဝခန့် ရှိပြီး လျှပ်စစ်ဓာတ် အားမလိုအပ်ဘဲ အသုံးပြု၍ရကြောင်း၊ ယခု ကျေးရွာရှစ်ရွာသို့ လှူဒါန်းခြင်းဖြစ် ပြီး ဆက်လက်၍ ကျေးရွာများကို လည်း လှူဒါန်းသွားမည်ဖြစ်ပြီး မြင်းခြံမြို့နယ်တွင် ၁၆ လုံး လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရ သည်။

ဇော်မင်းနိုင်(မြင်းခြံ)


Leave a Reply