စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း ဖွင့်လှစ်

ဝက်လက်၊ သြဂုတ် ၇

မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံ

မအူပင်၊ သြဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပ သော ကျေးရွာပါတီဝင်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့ မွန်းတည့် ၁၂နာရီမှ မွန်းလွဲ ၂ နာရီခွဲထိ မအူပင်မြို့နယ် ပန်တပွတ်ကျေးရွာအုပ်စု ကျေးရွာပါတီကော်မတီဝင် ဦးဝင်းကြည်နေအိမ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပြည်နယ်ပါတီဥက္ကဋ္ဌမှ သဘာဝရော်ဘာ ထုတ်လုပ်သော နိုင်ငံများအသင်းသို့ ၀င်ရောက်ရန်နှင့် နှစ်စဉ်ကြေး ထည့်ဝင်ရန်ကိစ္စနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေး

နေပြည်တော်၊ သြဂုတ် ၇

နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော သဘာဝရော်ဘာ ထုတ်လုပ်သော နိုင်ငံများအသင်းသို့ ၀င်ရောက်ရန်နှင့် နှစ်စဉ်ကြေးထည့်ဝင်ရန်ကိစ္စနှင့် စပ်လျဉ်းပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ်ပါတီဥက္ကဋ္ဌ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်သိန်းသည် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် နဝမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ သြဂုတ်လ ၇ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး တွင် ဆွေးနွေးခဲ့သည်။

ပါတီဗဟိုအလုပ်အမှုဆောင် ဦးခင်ရီနှင့်ဦးခင်မောင်စိုး တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာတာဝန်ခံများ နှင့် တွေ့ဆုံ

ရန်ကုန်၊ သြဂုတ် ၇

ပြည်ခိုင်ဖြိုးပါတီဗဟိုအတွင်းရေးမှူးနှင့်အဖွဲ့ ကံမမြို့နယ် ကြို့ပင်ကျေးရွာတောင်ဘက်ခြမ်းရှိ ကျေးရွာများမှ ပါတီဥက္ကဋ္ဌများ ပါတီဝင်များ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ကံမ၊ သြဂုတ် ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး တိုင်းဒေသကြီးတာဝန်ခံ ဦးပိုက်ထွေးသည် မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ယမန်နေ့နံနက် ၉ နာရီခွဲက ပြုလုပ်သည့် ပါတီဝင် အဆိုပြုလွှာ စုပေါင်းပေးအပ်ပွဲသို့ ဦးစွာတက် ရောက်ခဲ့သည်။

ရခိုင်အရေး လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင်ကို လုပ်ပိုင်ခွင့်ကျယ်ပြန့်စွာပေးမည်ဟု ဒေါ်အောင်ဆန်း စုကြည် ပြောကြား

ရခိုင်ပြည်နယ်ဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ် ဆေးရေးကော်မရှင်ကို လုပ်ပိုင် ခွင့်ကျယ်ပြန့်စွာ ပေးထားမည်ဖြစ် ကြောင်း နိုင်ငံတော်၏ အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဩဂုတ် ၆ ရက်တွင် ပြောကြားသည်။ နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဂျပန်နိုင်ငံခြားရေးဝန်ကြီးနှင့် ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲ တွင် နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ယင်းသို့ ထည့်သွင်းပြောကြားသည်။

ကြားဖြတ်ရွေးကောက်ပွဲမှာ NLDက ၁၃ ယောက်နဲ့ ပြည်ခိုင်ဖြိုးက ၁ဝယောက် ၀င်ပြိုင်မယ်

၂ဝ၁၈ ခုနှစ် နိုဝင်ဘာလ ၃ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်ထား လာတဲ့ ကိုယ်စားလှယ်လောင်းစာရင်းကို သြဂုတ် ၆ ရက်မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြု လိုက်ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြလာတဲ့ ပါတီ ၂၄ ပါတီက ကိုယ်စားလှယ်လောင်း ၆၂ ယောက်နဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း ၇ ယောက် စုစုပေါင်းကိုယ်စားလှယ် ၆၉ ယောက်ကို ခွင့်ပြု ပေးလိုက်တာ ဖြစ်တယ်လို့ ကော်မရှင်အဖွဲ့ဝင်တွေက ပြောပါတယ်။

ကုလငြိမ်းချမ်းရေး ထိန်းသိမ်းမှုသင်တန်း မြန်မာနှင့် အိန္ဒိယတပ်မတော်ပူးပေါင်း ပို့ချ

မြန်မာနှင့်အိန္ဒိယနှစ်နိုင်ငံ တပ်မတော်အကြား လေ့ကျင့်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအဖြစ် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှုဆိုင်ရာ သင်တန်းကို နေပြည်တော်ရှိ Park Royal ဟိုတယ် တွင် ယမန်နေ့ကဖွင့်လှစ် ခဲ့သည်။ အဆိုပါသင်တန်းတွင် ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့ဝင်များ စောင့်ထိန်းလိုက် နာရမည့် ကျင့်ဝတ်များ၊ အရပ်သားများကို ကာကွယ်စောင့်ရှောက်မှု၊ ကလေးသူငယ်ကာ ကွယ်စောင့်ရှောက်မှု၊ စစ်ဘက်- အရပ်ဘက် ပူးပေါင်းဆောင်ရွက်မှု၊ ကုလသမဂ္ဂငြိမ်းချမ်းရေး ထိန်းသိမ်းမှုလုပ်ငန်းများ၏ သမိုင်းကြောင်းနှင့် ဆောင်ရွက်နေမှုများကို သင်ကြား မည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် သည်။

ပါတီဝင်​အဆိုပြုလွှာ စု​ပေါင်း​ပေးအပ်​ပွဲသို့ ဗဟိုအတွင်း​ရေးမှူး တက်​​ရောက်​ချီးမြှင့်ပြီး ကြိုဆိုနှုတ်​ခွန်းဆက်​စကား ​ပြောကြား

 

ကံမ၊ သြဂုတ်​၊ ၇

ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဗဟိုအတွင်း​ရေးမှူး၊ မ​ကွေးတိုင်း​ဒေသကြီး တာဝန်​ခံ ဦးပိုက်​​ထွေးသည် ​ဗဟိုအလုပ်​အမှု​ဆောင်​၊ မ​ကွေးတိုင်း​ဒေသကြီးပါတီဥက္ကဌ ​ဒေါက်​တာ​မောင်​​မောင်​​ဌေး၊ တိုင်းပါတီဘဏ္ဍာ​ရေးမှူး ဦးကြည်​ထွန်း၊ တိုင်းပါတီကော်​မတီဝင်​ ဦးဟန်​​မောင်​ တို့နှင့်​အတူ ယ​နေ့ ၀၉:၃၀ နာရီအချိန်​တွင်​ သရက်​ခရိုင်​၊ကံမမြို့နယ်​ပါတီရုံး၌ ကျင်းပပြုလုပ်​​သော ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲသို့ တက်​​ရောက်​အား​ပေးခဲ့ပြီး ကြိုဆိုနှုတ်​ခွန်းဆက်​‌စကား​ပြောကြားခဲ့ပါသည်​ ။

ဖါးဆောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး

 

ဖါးဆောင်းမြို့ – သြဂုတ် ၇

ယနေ့ (၇-၈-၂၀၁၈)ရက်နေ့ နံနက် (၁၀း၀၀)နာရီ မှ( ၁၁း၄၀)နာရီအချိန်အထိ ကယားပြည်နယ် ဖါးဆောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီရုံးတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ကာ ဖါးဆောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရှေ့ဆက်ရမည့် လုင်ငန်းများအတွက်အသေးစိတ် ဆွေးနွေးကြပါသည်။