ဖါးဆောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး

 

ဖါးဆောင်းမြို့ – သြဂုတ် ၇

ယနေ့ (၇-၈-၂၀၁၈)ရက်နေ့ နံနက် (၁၀း၀၀)နာရီ မှ( ၁၁း၄၀)နာရီအချိန်အထိ ကယားပြည်နယ် ဖါးဆောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီရုံးတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်ကာ ဖါးဆောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရှေ့ဆက်ရမည့် လုင်ငန်းများအတွက်အသေးစိတ် ဆွေးနွေးကြပါသည်။

သီ​ပေါတွင်​ ပါတီဆိုင်းဘုတ်​တင်ခြင်းနှင့်​ ၀ါဆိုသင်္ကန်း ကပ်​လှူ

 

သီ​ပေါ သြဂုတ်​ ၆.
ရှမ်း/​မြောက်​ ​ကျောက်​မဲခရိုင်​ သီ​ပေါမြို့ နယ်​ ပြည်​ခိုင်​ဖြိုးပါတီ ဆိုင်းဘုတ်​တင်​ အခမ်းအနားနှင့် ၀ါဆိုသင်္ကန်း ကပ်​အလှူ ​တော်​မင်္ဂလာ အခမ်းအနားကို ၆.၈.၂၀၁၈ ​နေ့ နံနက်​ ၀၈း၅၅ အချိန်​တွင်​ စတင်​ကျင်းပရာ ရှေးဦးစွာ မြို့နယ်​ပါတီဆိုင်းဘုတ်​ကို မြို့နယ်​ဥက္ကဌ ဦး​ဆောင်​​သောမြို့နယ်​​ကော်​မတီများနှင့် ရပ်​ကျေးပါတီအဖွဲ့ဝင်​များ လူငယ်​အဖွဲ့များ စု​ပေါင်းသယ်​​ဆောင်​၍ သတ်​မှတ်​​နေရာ၌ တပ်​ဆင်​​ပေးခဲ့ကြပါသည်​။

သီ​ပေါမြို့ ဖြိုး​စေတနာရှင်​အဖွဲ့ လူမှု​ရေး​ထောက်​ပံ့ကူညီ

 

ဖြိုးစေတနာရှင် လူမှုကူညီရေးအသင်းမှ သြဂုတ်လ ၆ ရက်နေ့တွင်မြို့နယ်ပါတီဥက္ကဌဦးအောင် ဖြိုးစေတနာရှင် အသင်းဥက္ကဌ ဦးကျော်လှိုင်နှင့်အသင်းသူ အသင်းသားများမှ ပန်းတိမ်မြောက်ရပ်ကွက်မှ မီးဖွားသူ မခင်မျိုးသူ နှင့် ဈေးရပ်ကွက်မှ ခွဲစိတ်ဆောင်တွင် ဆေးရုံတက်ရောက်နေသူဦးရွှေဝင်းတို့အား ထောက်ပံ့ငွေ ၁၀၀၀၀ိ/စီ ပေးအပ်ခဲ့ပါသည်။

ယ​မန်နေ့ မနက်​ပိုင်းက ဖြိုးစေတနာရှင်လူမှု့ကူညီရေးအသင်းမှ ၂၆ . ၇ .၂၀၁၈ရက်နေ့တွင်ကွယ်လွန်သွားခဲ့သည့် စံလောင်းကျေးရွာ ရပ်ကျေးစည်းမှူးဦးရဲမြင့်၏မိခင်ဖြစ်သူအတွက်ထောက်ပံ့ငွေ ၁၀၀၀၀ိ /အားပေးအပ်ခဲ့ပါသည်။

မယ်စဲ့ပြည်ခိုင်ဖြိုးပါတီမှ လုပ်ငန်းညှိနိုင်းအစည်းအဝေးကျင်းပ

 

၆.၈.၂၀၁၈ ရက်နေ့ ပြည်နယ်အတွင်းရေးမှူးနှင့်ပြည်နယ်ကော်မတီဝင်များ မယ်စဲ့မြို့နယ်ကော်မတီများ၊ မယ်စဲ့မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းဝေးခန်းမတွင် ညနေ(3:00မှ 6:00)ထိ လုပ်ငန်းညှိနှိုင်းအစည်းဝေးကျင်းပခဲ့သည်၊၊

Nang Sheng Phway Hom


ပြည်ကြီးတံခွန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲသို့ တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဝင်းမောင်တက်ရောက်

 

မန္တလေး သြဂုတ် ၆

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် တံခွန်တိုင်ရပ်ကွက် ၇၄ လမ်း အမြန်လမ်းမကြီး အနောက်ဘက် မဟာသုန္ဒရာရာမကျောင်းတိုက်တွင် သီတင်းသုံးတော်မူသော သံဃာတော် အရှင်သူမြတ်တို့အား ပြည်ကြီးတံခွန်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ၏ ဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကို ယခုလ ၄ ရက် နံနက် ၁၁ နာရီက ကျင်းပခဲ့ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးဝင်းမောင် တက်ရောက် ပူဇော်လှူဒါန်းခဲ့သည်။

ရန်ကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင်ဦးသာဝင်း တက်ရောက်ဆက်ကပ်

 

ရန်ကုန် သြဂုတ် ၆

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် ရန်ကင်းမြို့နယ် ပြည် ခိုင်ဖြိုးပါတီမှဦးစီး၍ (၈)ကြိမ် မြောက်ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးတွင် ကျင်းပသည်။

မိုးကောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးအိမ်တွင်းမှုလက်မှုပညာ သင်တန်းဆင်းပွဲကျင်းပ

 

မိုးကောင်း သြဂုတ် ၆

မိုးညှင်းခရိုင် မိုးကောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးရေးရာကော်မတီက ကြီးမှူး၍ သင်တန်း ကာလ ငါးရက်ကြာဖွင့်လှစ်ခဲ့သည့် အမျိုးသမီးအိမ်တွင်းမှုလက်မှု ပညာသင်တန်းအမှတ်စဉ်(၁/၂ဝ၁၈)ဆင်းပွဲကို ယနေ့မွန်းလွဲ ၂ နာရီခွဲ က မြို့နယ်ပါတီရုံး၌ ကျင်းပရာ မြို့နယ်ပါတီကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းအောင်နှင့် မြို့နယ်ပါတီကော်မတီဝင် မြို့နယ်ပါတီအမျိုး သမီးရေးရာကော်မတီ တွဲဖက်တာဝန်ခံ ဒေါ်လီလီဆွေတို့က အမှာ စကားများပြောကြားကြသည်။

ပါတီဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီးနှင့်ပဲခူးခရိုင်အတွင်းရှိ မြို့နယ်များမှ ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများနှင့်တွေ့ဆုံ

 

ပဲခူး သြဂုတ် ၆

ပဲခူးတိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး အစည်းအဝေးခန်းမတွင် ယနေ့ မွန်းလွဲ ၂ နာရီက ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း က ပဲခူးတိုင်းဒေသကြီးနှင့် ပဲခူး ခရိုင်အတွင်းရှိ မြို့နယ်များမှ ပြည် ခိုင်ဖြိုးပါတီ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပသည်။

ကချင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီမှ လစဉ်ပုံမှန်အစည်းအဝေးပြုလုပ်

 

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကော်မတီဥက္ကဋ္ဌနှင့်ကော်မတီဝင်များ၏ အပတ်စဉ် ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သြဂုတ် ၆ ရက် နံနက်ပိုင်း က ဝိုင်းမော်မြို့နယ်ပါတီရုံး၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။

ဝင်းအောင်(မိုးကောင်း)


ရေကြီးမှုကြောင့် ရေတွင်းများရှိ ရေညစ်များအား စုပ်ထုတ်ရာ ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကူညီဆောင်ရွက်

ဘီးလင်း၊ သြဂုတ်

မွန်​ပြည်​နယ်​၊ ဘီးလင်းမြို့နယ်​အတွင်းရှိ ရေကြီးမှုများကြောင့် ရေတွင်းများအတွင်း ရေညစ်များ ဝင်ရောက်မှုကြောင့် ရေတွင်းများရှိရေများ စုပ်ထုပ်ရာ ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ မြို့နယ်ကော်မတီဝင်များနှင့်အတူ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးနှင့် ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းတို့ ပူးပေါင်းကာ ဆောင်ရွက်နေကြောင်း သိရသည်။