ရန်ကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ပြည်ခိုင်ဖြိုးပါတီဗဟိုကော်မတီဝင်ဦးသာဝင်း တက်ရောက်ဆက်ကပ်

 

ရန်ကုန် သြဂုတ် ၆

ရန်ကုန်တိုင်းဒေသကြီး အရှေ့ ပိုင်းခရိုင် ရန်ကင်းမြို့နယ် ပြည် ခိုင်ဖြိုးပါတီမှဦးစီး၍ (၈)ကြိမ် မြောက်ဝါဆိုသင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ယနေ့နံနက်ပိုင်းတွင် ရန်ကင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးတွင် ကျင်းပသည်။

ရှေးဦးစွာ ဆရာတော် သံဃာ တော်များက ပရိတ်တရားတော် များ ရွတ်ဖတ်ပေးကြပြီး ဆရာ တော်များထံမှ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရေးမှူးဦးသာဝင်း နှင့် ဧည့်ပရိသတ်များက ငါးပါး သီလခံယူကြပြီး ဆရာတော်သံဃာ တော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများကို ဆက်ကပ် လှူဒါန်းကြသည်။

ထို့နောက်ကြွရောက်လာသော ဆရာတော်များကို ပြည်ခိုင်ဖြိုး ပါတီ ဗဟိုကော်မတီဝင်ဦးသာဝင်း နှင့် ဧည့်ပရိသတ်များက နေ့ဆွမ်း များ ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။