ရေကြီးမှုကြောင့် ရေတွင်းများရှိ ရေညစ်များအား စုပ်ထုတ်ရာ ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ကူညီဆောင်ရွက်

ဘီးလင်း၊ သြဂုတ်

မွန်​ပြည်​နယ်​၊ ဘီးလင်းမြို့နယ်​အတွင်းရှိ ရေကြီးမှုများကြောင့် ရေတွင်းများအတွင်း ရေညစ်များ ဝင်ရောက်မှုကြောင့် ရေတွင်းများရှိရေများ စုပ်ထုပ်ရာ ဘီးလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ၊ မြို့နယ်ကော်မတီဝင်များနှင့်အတူ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးဝင်းမော်ဦးနှင့် ရွှေပြည်တော်သို့ဆုံမှတ် ပရဟိတအသင်းတို့ ပူးပေါင်းကာ ဆောင်ရွက်နေကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာ ယမန်နေ့တွင် ဘီးလင်းမြို့ အမှတ် ​(၄) စာသင်​​ကျောင်းရှိ ရေတွင်းအားရေများ စုပ်ထုတ်​​ပေးခြင်းများအား ဆောင်ရွက်ခဲ့သည်။ အဆိုပါစုပ်ထုပ်ရာတွင် စက် (၃) လုံးဖြစ် ဆောင်ရွက်နေကြောင်း သိရသည်။
ဆက်လက်​ပြီး ဘီးလင်းမြို့နယ် ​ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီရုံး အစည်း​ဝေးခန်းမ၌ ယမန်နေ့ နံနက် (၁၁) နာရီတွင်​ မွန်​ပြည်​နယ်​ပြည်​ခိုင်​ဖြိုးပါတီ အတွင်း​ရေးမှူး ဦးဝင်း​မော်​ဦးမှ မြို့နယ်​​ကော်​မတီဝင်​များအား လက်တလော ​ရေကြီးလွှမ်းမိုးမှုနှင့်​ ပြန်​လည်​ထူ​ထောင်​​ရေးလုပ်​ငန်းများတွင်​ မိမိတို့ ပါတီအ​နေဖြင့် စဉ်​ဆက်မပြတ်​​ ဆောင်ရွက်ကြရန်​ လမ်းညွန်​ခဲ့​ကြောင်း သိရသည်​။