ပါတီဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီးနှင့်ပဲခူးခရိုင်အတွင်းရှိ မြို့နယ်များမှ ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများနှင့်တွေ့ဆုံ

 

ပဲခူး သြဂုတ် ၆

ပဲခူးတိုင်းဒေသကြီး ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး အစည်းအဝေးခန်းမတွင် ယနေ့ မွန်းလွဲ ၂ နာရီက ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း က ပဲခူးတိုင်းဒေသကြီးနှင့် ပဲခူး ခရိုင်အတွင်းရှိ မြို့နယ်များမှ ပြည် ခိုင်ဖြိုးပါတီ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ပဲခူးတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးစောမော်ထွန်း၊ အတွင်း ရေးမှူးဦးညီမြင့်နှင့် တိုင်းဒေသကြီးကော်မတီဝင်များ၊ ပဲခူးခရိုင် ဥက္ကဋ္ဌ ဦးအောင်စိုးနှင့် ခရိုင်ကော်မတီဝင်များ၊ ပဲခူးခရိုင်အတွင်းရှိ မြို့နယ်များမှ ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီဝင်များ တက် ရောက်ကြသည်။ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်းက ပဲခူးတိုင်း ဒေသကြီးအတွင်းရှိ နေရာအသီးသီးတွင် ရေကြီးနစ်မြုပ်ခဲ့မှု ကြောင့် မိမိတို့ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ရေဘေးသင့်ပြည်သူ များအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ြေ<ွကးကျန်ကိစ္စရပ်များနှင့်ပတ်သက်၍ မြို့နယ်များနှင့် စေ့စပ် ညှိနှိုင်းဆောင်ရွက်ရန်ကိစ္စရပ်များ ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

တင်စိုး(ပဲခူး)