မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် တွေ့ဆုံ

မအူပင်၊ သြဂုတ် ၇

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် မအူပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပ သော ကျေးရွာပါတီဝင်များနှင့် တွေ့ဆုံပွဲကို ယမန်နေ့ မွန်းတည့် ၁၂နာရီမှ မွန်းလွဲ ၂ နာရီခွဲထိ မအူပင်မြို့နယ် ပန်တပွတ်ကျေးရွာအုပ်စု ကျေးရွာပါတီကော်မတီဝင် ဦးဝင်းကြည်နေအိမ်၌ ကျင်းပခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် မြို့နယ်ပါတီဥက္ကဋ္ဌ အပါအဝင် တာဝန်ရှိသူများက မိမိပါတီ၏လုပ်ဆောင်ခဲ့မှုများ၊ လက်ရှိ ဆောင်ရွက်နေသောလုပ်ငန်းများ၊ နိုင်ငံတော်၏ လက်ရှိ အခြေအနေများအား ရှင်းလင်းဆွေးနွေးခြင်း၊ ပါတီဝင်များ ၏မေးမြန်းဆွေးနွေးမှုများအား ပြန်လည်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့သည်။

တွေ့ဆုံပွဲသို့ မအူပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစောသောင်းဒန်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အရန် ပါတီကော်မတီဝင်များ၊ ပန်တပွတ်ကျေးရွာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးတင့်နှင့် ကျေးရွာပါတီကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးမောင်ဇော်(မအူပင်)