ပျဉ်းမနားမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်နှင့်ရပ်ကျေး ပုံမှန်လပတ်တွေ့ဆုံပွဲ (၁၀/၂၀၁၈) ကျင်းပ

 

ပျဉ်းမနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်နှင့်ရပ်ကျေး ပုံမှန်လပတ် တွေ့ဆုံပွဲ (၁၀/၂၀၁၈) အခမ်းအနားအား ယမန်နေ့ (၉-၁၀-၂၀၁၈) ရက်နေ့ နံနက် (၉) နာရီမှ (၁၁း၀၀) နာရီအထိ မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး အခမ်းအနားသို့ မြို့နယ်ပါတီဥက္ကဌ ဒေါ်ဝင်းဝင်းသီနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေး (၃၆) အုပ်စုမှ ရပ်ကျေးပါတီဥက္ကဌများနှင့် ကော်မတီဝင်များ စုံလင်စွာ တက်ရောက်ခဲ့ကြပါသည်။
အစီအစဉ်အရ ပထမဦးစွာ မြို့နယ်ပါတီဥက္ကဌ ဒေါ်ဝင်းဝင်းသီမှ ပါတီစည်းရုံးရေးဆိုင်ရာ လုပ်ငန်းကိစ္စရပ်များနှင့် ရှေ့လုပ်ငန်းစဉ်များကို လည်းကောင်း၊ မြို့နယ်အတွင်းရေးမှူး ဦးဇော်တူးအောင်မှ စည်းရုံးရေးနှင့် ပတ်သက်သည်များကို လည်းကောင်း၊ တက်ရောက်လာသည့် ရပ်ကျေးဥက္ကဌများ၊ ကော်မတီဝင်များနှင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ ရပ်ကျေးဥက္ကဌများ၊ ကော်မတီဝင်များကို ပါတီဝတ်စုံ ပုဆိုးများ ကံစမ်းမဲဖောက်ကာ ပေးအပ်ခဲ့ကြောင်း သိရသည်။

ပုပ္ပါးဆွေးနွေးပွဲမှာ အဖွဲ့အားလုံးပါဝင်ဖို့ လိုကြောင်း UWSA ပြော

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ၃ နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ ပုပ္ပါးမှာကျင်းပမယ့် ထိပ်သီးဆွေးနွေး ပွဲမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ဖို့ လိုအပ်ကြောင်း UWSA ဝ ပြည်သွေးစည်းညီညွတ်ရေး အဖွဲ့က ပြောလိုက်ပါတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အဖွဲ့အစည်းတချို့ကို ချန်ထားမယ်ဆိုရင် ရန်များမယ့်အရေး ဖြစ်တာကြောင့် အားလုံးပါဝင်လာနိုင်ဖို့က UWSA အဖွဲ့ရဲ့ မူဝါဒဖြစ်တယ်လို့ UWSA လားရှိုးမြို့ ဆက်ဆံရေး တာဝန်ခံ ဦးညီရန်းက ပြောတာဖြစ်ပါတယ်။

နမ့်စန်တွင် ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲကျင်းပ

 

နမ့်စန်(တ) အောက်တိုဘာ ၉

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် နမ့်စန်မြို့နယ်တွင် ဗဟိုအမျိုးသမီးညီလာခံအကြို နှီး နှောဖလှယ်ပွဲကို ယမန်နေ့ နံနက် ၉နာရီက မြို့နယ်ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ကျင်းပခဲ့ရာပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလင်းအောင်ဆွေ၊ ပြည်နယ်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်နန်းဆိုင်နွန်း၊ ပြည်နယ်ဘဏ္ဍာ ရေးမှူး ဒေါ်ဝါဝါထွေး၊ ခရိုင်အမျိုး သမီးရေးရာတာဝန်ခံ ဒေါ်နန်း မွေငင်း၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ရပ်/ကျေး အမျိုးသမီးကိုယ်စား လှယ်များနှင့် တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုအဖွဲ့များမှ အမျိုး သမီးကိုယ်စားလှယ်များ စုစုပေါင်း ၁၇ဝခန့် တက်ရောက်ခဲ့ကြသည်။

မော်လမြိုင်ကျွန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးညီလာခံကို ဂုဏ်ပြု ကြိုဆိုသောအားဖြင့် သက်ကြီးရွယ်အိုများ၊ ဓမ္မစကူးလ် ကျောင်းသားကျောင်းသူများအား အဟာရဒါနနှင့် ကိုယ်လက်သန့် စင်မှုများပြုလုပ် ကုသိုလ်ယူ

 

မော်လမြိုင်ကျွန်း ၊ အောက်တိုဘာ ၉

ညောင်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးအုပ်စုဥက္ကဋ္ဌများ ကော်မတီဝင်များနှင့်တွေ့ဆုံဆွေးနွေး

 

ညောင်ဦး အောက်တိုဘာ ၉

ညောင်ဦးမြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မှကြီးမှူး၍ အနော်ရထာလမ်းမဘေးရှိ ပြည်ခိုင်ဖြိုးရုံး၌ ယမန်နေ့ နံနက် ၉နာရီက ရပ်/ကျေးပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌများနှင့် တွေ့ဆုံညှိနှိုင်း ပွဲတစ်ခုပြုလုပ်ခဲ့ကြောင်းသိရသည်။

ဗဟိုအမျိုးသမီးညီလာခံအား ကြိုဆိုဂုဏ်ပြု မော်လိုက်ပြည်ခိုင်ဖြိုးမှ အာဟာရလှူဒါန်း

 

မော်လိုက် အောက်တိုဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင် မော်လိုက်မြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဗဟိုအမျိုးသမီးညီလာခံ အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မော်လိုက်မြို့နယ် မြို့မကျောင်းရှိ ဓမ္မစကူးလ်ကျောင်းသားကျောင်းသူ ၃၂၄ ဦးအား ယမန်နေ့နံနက် ၁ဝ နာရီခွဲက နေ့လယ်စာအာဟာရဒါနအဖြစ် ထမင်းကျွေးမွေးခဲ့ပြီး ဆောက် လုပ်ဆဲဆွမ်းစားကျောင်းဆောင်သစ် အတွက် အလှူငွေကျပ် ၅ဝဝဝဝ အား လှူဒါန်းခဲ့သည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) နမ့်စန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အဆင့် အမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲအခမ်းအနားကျင်းပ

 

၉.၁၀.၂၀၁၈ ခုနှစ်​ နံနက် ​၉း၀၀ နာရီအချိန်​တွင်​ ရှမ်းပြည်​နယ်​ (​တောင်​ပိုင်း) လွိုင်​လင်​ခရိုင်​ နမ့်စန်​မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီခန်းမ၌ မြို့နယ်​အဆင့် အမျိုးသမီးညီလာခံအကြို နှီ​နှောဖလှယ်​ပွဲအခမ်းအနား ကျင်းပခဲ့ပါသည်။
အဆိုပါအမျိုးသမီးအကြို နှီးနှောဖလှယ်ပွဲအခမ်းအနားသို့ ပြည်​နယ်​မှ အမျိုးသမီးတာဝန်​ခံနှင့် ဘဏ္ဍာ​ရေးမှူ ၊ ခရိုင်​အမျိုးသမီးတာဝန်​ခံ ၊ မြို့နယ်​ ပါတီဥက္ကဌနှင့်​ ပါတီ​ကော်​မတီဝင်​များ၊ ပြည်​နယ်​လွှတ်​​တော်​ကိုယ်​စားလှယ်​၊ ရပ်​​ကျေးဥက္ကဌနှင့်​စည်းမှူးများ တိုင်းရင်းသားစာ​ပေနှင့်ယဉ်​​ကျေးမှုအဖွဲ့မှ တိုင်းရင်းသားအမျိုးသမီးများ ၊ စုစု​ပေါင်းအင်​အား (၁၇၀) ဦး တက်​​ရောက်​ခဲ့ကြပါသည်​။

ဗဟိုအမျိုးသမီးညီလာခံအား ဂုဏ်​ပြူကြိုဆို​သောအားဖြင့် ​တောင်​တွင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုး​ပါတီမှ သန့်​ရှင်း​ရေးလုပ်​အားဒါန ကုသိုလ်​ပြု​ဆောင်​ရွက်

 

တောင်​တွင်းကြီး၊ ​အောက်​တိုဘာ ၉

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံ (၂၀၁၈) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်တွင်းကြီးမြို့နယ်
ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးကြည်သိန်း ဦးဆောင်၍ ကော်မတီဝင်များ၊ အမျိုးသမီး​ရေးရာနှင့် လူငယ်ရေးရာအဖွဲ့ဝင်များ စုစု​ပေါင်း အင်​အား ၅၀ ဦးဖြင့် ​ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာ ရွှေအင်းတောင်​စေတီတော်တွင် ဒုတိယအကြိမ် သန့်ရှင်းရေးလုပ်အားဒါန ဆောင်ရွက်ခြင်းအား ယနေ့နံနက် ၉ နာရီခွဲမှ ၁၁ နာရီအထိ ကုသိုလ်​ပြု ဆောင်ရွက်ကြ​ကြောင်း သိရသည်​။

ပြည်ခိုင်ဖြိုးပါတီ ပေါက်မြို့နယ် ခင်ရှည်မြောက်ကျေးရွာ၌ ပါတီဝင်​အဆိုပြုလွှာစု​ပေါင်း​ပေးအပ်​ပွဲ ကျင်းပပြုလုပ်


ပေါက်​၊ ​အောက်​တိုဘာ၊ ၈