ဗဟိုအမျိုးသမီးညီလာခံအား ဂုဏ်ပြူကြိုဆိုသောအားဖြင့် တောင်တွင်းကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ သန့်ရှင်းရေးလုပ်အားဒါန ကုသိုလ်ပြုဆောင်ရွက်
တောင်တွင်းကြီး၊ အောက်တိုဘာ ၉
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံ (၂၀၁၈) ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်တွင်းကြီးမြို့နယ်
ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးကြည်သိန်း ဦးဆောင်၍ ကော်မတီဝင်များ၊ အမျိုးသမီးရေးရာနှင့် လူငယ်ရေးရာအဖွဲ့ဝင်များ စုစုပေါင်း အင်အား ၅၀ ဦးဖြင့် ရှေးဟောင်းသမိုင်းဝင် ဇေယျမင်္ဂလာ ရွှေအင်းတောင်စေတီတော်တွင် ဒုတိယအကြိမ် သန့်ရှင်းရေးလုပ်အားဒါန ဆောင်ရွက်ခြင်းအား ယနေ့နံနက် ၉ နာရီခွဲမှ ၁၁ နာရီအထိ ကုသိုလ်ပြု ဆောင်ရွက်ကြကြောင်း သိရသည်။
မင်းဇော်