စာရေးတံမဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ စဥ့်ကိုင်ပြည်ခိုင်ဖြိးပါတီ မိသားစု လှူဒါန်းပူဇော်

 

ယနေ့ (၁၄.၁၂.၂၀၁၈) ရက်နေ့ စဥ့်ကိုင်ပြည်ခိုင်ဖြိုးပါတီမှ ဥယျဉ်ကြီးကျေးရွာ ကုန်းကြီးကျေးရွာရှိေ ရွှဆပ်သွားဘုရား စာရေးတံမဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲအား နံနက်( ၈း၃၀ ) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းပါတီကော်မတီဝင် ဒေါ်သိဂီ င်္အောင်၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်ခင်နွယ်မြင့်၊ မြို့ နယ်ပါတီအတွင်းရေးမှူး ဦးထွန်းနိုင်နှင့် ကော်မတီဝင်များ၊ ရပ်ကျေးအဖွဲ့ များမှ စုပေါင်း၍ ပင့်သံဃာ (၃၄) ပါးတို အား ဆန် ဆီဆား ခေါက်ဆွဲခြောက်၊ ကြာဇံခြောက်နှင့် ဆပ်ပြာခဲများ လှူဒါန်းခဲ့ပါသည်။
စာရေးတံမဲပေါက်သော အုန်းလက္ကောက် ကျောင်းဆရာတော်အား လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆပ်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှဝေခဲ့ပါသည်။

ကနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကျေးရွာအုပ်စုပါတီဆိုင်းဘုတ်တင် ရပ်ကျေးပါတီဝင်များအား တွေ့ဆုံဆွေးနွေး

 

ကနီ ဒီဇင်ဘာ ၁၃

စစ်ကိုင်းတိုင်းဒေသကြီး ယင်း မာပင်ခရိုင် ကနီမြို့နယ် ကျော်ရွာ အုပ်စု ဇီးဖြူကုန်းကျေးရွာ မြို့နယ် ကော်မတီဝင်ဦးစန်းမြင့်အောင် နေ အိမ်၌ ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ် တင်ပွဲအခမ်းအနားနှင့်ပါတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က ကျင်းပခဲ့သည်။

ဆိုင်းဘုတ်တင်ပွဲအခမ်းအနား ကျင်းပရာတွင် ကနီမြို့နယ်ပါတီ နာယကဦးရှိန်၊ပါတီဥက္ကဋ္ဌဦးကျန်ထွန်း နှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌတို့က အမွှေး နံ့သာရည်များဖြင့်ပက်ဖျန်းပြီး ဖွင့် လှစ်ခဲ့သည်။

ဘိုးဘွားရိပ်သာနိဗ္ဗာန်ဈေးအတွက် ပြည်ခိုင်ဖြိုးပါတီငွေလှူဒါန်း

 

မအူပင် ဒီဇင်ဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး မအူ ပင်ခရိုင် မအူပင်မြို့နယ် မြို့ရှောင် လမ်းရှိ မအူပင်ဘိုးဘွားရိပ်သာကြီး ၏ ဆဋ္ဌမအကြိမ် နှစ်ပတ်လည် အထိမ်းအမှတ် ကုသိုလ်တော်ပွဲကို ယခုလ ၁၅ရက်မှ ၁၇ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပ သွားမည်ဖြစ်သည်။

စလင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လပတ်စည်းဝေးပွဲကျင်းပ

 

စလင်း ဒီဇင်ဘာ ၁၃

မကွေးတိုင်းဒေသကြီး စလင်း မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ၏ လပတ်ပုံမှန် အစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီက စလင်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးခန်းမ၌ ကျင်းပခဲ့သည်။

ရွှေပြည်​သာမြို့နယ်​ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ မဟာမာရ်​​အောင်​မြင်​ဆု​တောင်းပြည့်​​စေတီ​တော်​မြတ်​ကြီး ပြန်​လည်​ပြုပြင်​ရန်​အလှူ​ငွေ​ပေးအပ်​ခြင်း၊လုပ်​အား​ပေးအဖွဲ့အားအဝတ်​အထည်​လှူဒါန်းခြင်းနှင့်​ လုပ်​အားဒါန​ပေးခြင်း

 

ရွှေပြည်​သာ၊၂၀၁၈၊ဒီဇင်​ဘာ၊(၁၃)ရက်

လက်​ပံတန်းမြို့နယ်​ပျဉ်းကတိုးကုန်းရွာ မဟာမာရ်​​အောင်​​စေတီ​တော်​မြတ်​ကြီးအားပြန်​လည်​ပြုပြင်​ရန်​​ရွှေပြည်​သာမြို့နယ်​ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှအလှူ​ငွေ(၁၀၀၀၀၀)ကျပ်​(တစ်​သိန်းကျပ်​တိတိ)နှင့်​ လုပ်​အား​ပေးအဖွဲ့အတွက်​အကျီင်္ င်္အထည်​(၂၀၀)အားမြို့နယ်​ပါတီဥက္ကဌဦးလင်း​အောင်​​အောင်​ကိုယ်​စားမြို့နယ်​​ကော်​မတီဝင်​​ဒေါ်ချမ်းမြ​အေးမှဦး​ဆောင်​၍ရုံးအဖွဲ့များ နှင့်​သွား​ရောက်​လှူဒါန်းကာလုပ်​အားဒါန​ပေးခဲ့ပါသည်​။


ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီဝင်များနှင့်တွေ့ဆုံ

 ပန်းတနော် ဒီဇင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး ကျင်းပသည့် မြို့နယ်ပါတီနှင့်ရပ်ကျေးပါတီတွေ့ဆုံပွဲ အခမ်းအနားကို ယခုလ ၉ ရက် နံနက် ၁ဝ နာရီမှ မွန်းလွဲ ၁ နာရီအထိ ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မန္တလေးခရိုင် ပြည်ခိုင်ဖြိုးပါတီမှ စွယ်တော်မြတ်စေတီတော် (၂၃) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်တွင် လှူဖွယ်ပစ္စည်းများနှင့်ငွေများ ဆက်ကပ်လှူဒါန်း

မန္တလေး ဒီဇင်ဘာ ၁၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံ (၂ဝ၁၈) ပထမနေ့တွင် ပါတီအထွေထွေအတွင်း ရေးမှူးမှ တက်ရောက်နှုတ်ခွန်းဆက်စကားပြောကြား

အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြု၍ နိုင်ငံတော်သီချင်းသံပြိုင်သီဆို ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ပါတီအထွေထွေအတွင်းရေးမှူးက ပါတီဗဟိုအတွင်းရေးမှူးများ၊ ပါတီဗဟိုအလုပ်အမှုဆောင်နှင့် အမျိုးသမီးကိုယ် စားလှယ်များအား မိတ်ဆက်ပေးခဲ့ပြီး နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး အမျိုးသမီးရေးရာတာဝန်ခံ အမျိုးသမီး ညီလာခံကျင်းပရေး ဗဟိုကော်မတီအတွင်းရေးမှူးဒေါက်တာစန်းစန်းနွယ်က အမျိုးသမီးညီလာခံ (၂ဝ၁၈) လုပ်ငန်း ဆိုင်ရာများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်ဇနီး အမျိုးသမီးညီလာခံ (၂ဝ၁၈) အကြိုဈေးရောင်း ပွဲတော်သို့ တက်ရောက်အားပေး

နေပြည်တော်၊ ဒီဇင်ဘာ ၁၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအမျိုးသမီးညီလာခံ (၂ဝ၁၈) ဈေးရောင်းပွဲတော်ကို ယနေ့ညနေ ၄ နာရီ က ပါတီဌာနချုပ်ရှိ လွှတ်တော်ကိုယ်စားလှယ်များ၏ ယာဉ်ရပ်နားဝင်းတွင် ကျင်းပခဲ့သည်။

အဆိုပါအမျိုးသမီးညီလာခံ (၂ဝ၁၈) ဈေးရောင်းပွဲတော်ကို ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဒေါက်တာစန်းစန်းနွယ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဈေးရောင်းပွဲတော် ကျင်းပ

 နေပြည်တော်၊ ဒီဇင်ဘာ ၁၁

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အမျိုးသမီးညီလာခံ (၂၀၁၈) အား ဂုဏ်ပြုသောအားဖြင့် ဈေးရောင်း ပွဲတော်အား ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့ ညနေ ၄ နာရီက ပါတီဌာနချုပ်ရုံးဝင်းအတွင်းတွင် ကျင်းပပြုလုပ်ခဲ့ သည်။

အဆိုပါဈေးရောင်းပွဲတော်ကို ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း နှင့် ပါတီဗဟိုအလုပ်အမှုဆောင်များ မှ ဖွင့်လှစ်ပေးခဲ့သည်။