ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီဝင်များနှင့်တွေ့ဆုံ

 ပန်းတနော် ဒီဇင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူး ကျင်းပသည့် မြို့နယ်ပါတီနှင့်ရပ်ကျေးပါတီတွေ့ဆုံပွဲ အခမ်းအနားကို ယခုလ ၉ ရက် နံနက် ၁ဝ နာရီမှ မွန်းလွဲ ၁ နာရီအထိ ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါတွေ့ဆုံပွဲ၌ ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ အပါအဝင် တာဝန်ရှိသူများက ပါတီ၏ဆောင်ရွက် ခဲ့သည့်လုပ်ငန်းများ၊ ရှေ့ဆက်လက်လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခြင်း၊ တက်ရောက် လာသူများ၏ မေးမြန်းဆွေးနွေးချက်များအား ပြန်လည်ရှင်းလင်းများ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ပန်းတနော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီနာယကများ ဖြစ်ကြသော ဦးဝင်းသိန်းနှင့် ဦးငြိမ်းမြိုင်၊ ပန်းတ နော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးကျော်မင်းသန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ပန်းတနော်မြို့နယ် အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။

မောင်ခိုင်ဖြိုး (ပန်းတနော်)