ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

 

စစ်တွေ စက်တင်ဘာ ၃

ရခိုင်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ သည် ယခုလ ၁ ရက် နံနက် ၉ နာရီက ပြည်နယ်ပါတီရုံးတွင် စစ်တွေမြို့ပေါ်မှ ထေရ်ကြီးဝါကြီး ဆရာတော်ကြီး ကိုးပါးအား ပင့်ဖိတ် ကာဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

(၁၂၉)ကြိမ်မြောက်ရှင်ဥပဂုတ္တမထေရ်မြတ်မီးမျှောပူဇော်ပွဲတွင်ကျောက်ကြီးမြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ဗုဒ္ဓဝေယျာဝစ္စကုသိုလ်ယူ

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်တွင်ကျင်းပသော (၁၂၉)ကြိမ်မြောက် ရှင်ဥပဂုတ္တမီးမျှောပူဇော်ပွဲနှင့် မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီ ကကျင်းပရာ ပွဲတော်ကျင်းပရေးဦးစီးနာယက ကုန်းကျောင်းပရိယတ္တိစာသင်တိုက် ဆရာတော် ဦးစန္ဒိမာက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီမော်တာစက်ချုပ်သင်တန်းဖွင့်

 

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ယနေ့နံနက် ၉ နာရီတွင် မော်တာစက်ချုပ်သင်တန်းအား အောင်မြင်ကျော်ကြားအထည်ချုပ် လုပ်ငန်း ကုမ္ပဏီလီမိတက်နှင့်ပူးပေါင်း၍ သင်တန်းဖွင့်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ဖိတ်ကြားထားသောဧည့်သည်တော်များ၊သင်တန်းသူများ စုစုပေါင်းအင်အား ၁၅ဝကျော် တက်ရောက်ပြီး မြို့နယ်ပါတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်က သင်တန်းဖွင့်လှစ်      ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားနှုတ်ခွန်းဆက်ပြီး နံနက် ၁ဝနာရီမှစ၍ သင်တန်းသား ဦးရေ ၁ဝဝအား သင်တန်းနည်းပြများမှ ဆက်လက်သင်ကြားပြသခဲ့ကြကြောင်း သိရသည်။

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး၏ မွေးနေ့မင်္ဂလာသို့ မန္တလေးတိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီမှ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်

 

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ဗန်းမော်ကျောင်းတိုက်တွင် သီတင်းသုံးနေထိုင်တော် မူသော နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဒေါက်တာ ဘဒ္ဒန္တကုမာရာ ဘိဝံသ၊ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ သကျသီဟဝဋံသကာ၊ ပါဠိသိရောမဏီ ဘီအေ၊ ဗုဒ္ဓစာပေါရဂူ (Ph.D,D.Litt) ကမ္ဘာ့ငြိမ်းချမ်း ရေးဂုဏ်ထူးဆောင်ဆု(ကမ္ဘာ့လူသားများယဉ်ကျေးမှု ဂုဏ်ရည် ဘွဲ့)၏ သက်တော်(၈၈) နှစ်ပြည့်ဝိဇာတမွေးနေ့ မင်္ဂလာသို့ မန္တလေးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှယနေ့နံနက် ၉နာရီက လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေ များကို သွားရောက်လှူဒါန်းခဲ့သည်။

ကွမ်းခြံကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီလူငယ်နှင့်အမျိုးသမီးရေးရာအဖွဲ့များဘုရားပရိဝုဏ် သန့်ရှင်းရေးပြုလုပ်

 

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဦးဆောင်ပြီး မြို့နယ်လူငယ်ရေးရာနှင့် အမျိုးသမီးရေးရာကော်မတီဝင်များ အင်အား ၃ဝ ဖြင့် ယနေ့ နံနက် ၈ နာရီခွဲက ကွမ်းခြံကုန်းမြို့နယ်ကျက်သရေဆောင် မဟာတိ လောက မှန်ကူသွန်း ဘုရားကြီးနတ်လမ်းနှင့် ပရိဝုဏ်အတွင်းသန့်ရှင်းရေးများ ပြုလုပ်ပြီး လုပ်အားဒါနပေးလှူခဲ့ကြကြောင်း သိရသည်။

မိတ္ထီလာပြည်ခိုင်ဖြိုးပါတီမှ ကြားဖြတ်ရွေးချယ်ဖွဲ့စည်း

 

မိတ္ထီလာမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့နယ် အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၁ဝ နာရီခွဲမှစတင်ကာ မြို့နယ်တွင် လစ်လပ်နေသော ကော်မတီဝင်များအား ရွေးချယ်       တင်မြှောက်ကြသည်။

မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်မှ ဆွမ်းဆန်များ တက်ရောက်လောင်းလှူ

 

မွန်ပြည်နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ၊ ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်သိန်းသည် ယနေ့ စက်တင်ဘာလ (၄) ရက် နံနက်ပိုင်းက (၁၈၄) ကြိမ်မြောက်      မော်လမြိုင်မြို့နယ် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ဒုတိယနေ့တွင် သံဃာ၊ သာမဏေ၊ သီလရှင် များအား မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီနှင့်အတူ ဆွမ်းဆန်များ လောင်းလှူ ခဲ့သည်။

ရန်​ကုန်​တိုင်း​ဒေသကြီး ပြည်​ခိုင်​ဖြိုးပါတီ သတ္တမအကြိမ်​ ၀ါဆိုသင်္ကန်း ဆက်​ကပ်​လှူဒါန်း

 

3.9.2017 ရက်​​နေ့ တနင်္ဂ​နွေ​နေ့တွင်​ ရန်​ကုန်​တိုင်း​ဒေသကြီး ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီမှ သတ္တမအကြိမ်​​မြောက်​၀ါဆိုသင်္ကန်းဆက်​ကပ်​လှူဒါန်းပွဲအား သင်္ဃန်းကျွန်းမြို့နယ်​ မူလဆယ်​​တောင်​ပြည့်​​ကျောင်းတွင်​ ကျင်းပပြုလုပ်​ပြီး ၀ါဆိုသင်္ကန်း နှင့်​ လှူဖွယ်​ပစ္စည်းများ ၊ ၀တ္ထု​ငွေများ ဆက်​ကပ်​လှူဒါန်းခဲ့ကြပါသည်​။

ဆက်​ကပ်​လှူဒါန်းပွဲသို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဗဟိုအတွင်း​ရေးမှူး​ဒေါက်​တာ​ဒေါ်စန်းစန်းနွယ်​ ၊ရန်​ကုန်​တိုင်း​ဒေသကြီးပါတီဥက္ကဌ ဦးခင်​​မောင်​စိုး ၊ ဗဟို​ကော်​မတီဝင်​​ဒေါ်ခင်​​ရွှေမြင့်​ ၊ ရန်​ကုန်​တိုင်း​ဒေသကြီးမှ တိုင်းပါတီ​ကော်မတီဝင်​များ ၊ ခရိုင်​ပါတီ​ကော်​မတီဝင်​များ ၊ မြို့နယ်​​ကော်​မတီဝင်​များ ၊ ပါတီဝင်​များတက်​​ရောက်​လှူဒါန်းခဲ့ကြပါသည်​။

ဗဟိုအတွင်း​ရေးမှူး ​ဒေါက်​တာ​ဒေါ်စန်းစန်းနွယ်​နှင့်​အဖွဲ့ စက်​ချုပ်​သင်​တန်းဖွင့်​ပွဲသို့ တက်​​ရောက်

၁-၉-၂၀၁၇ ရက်​​နေ့ ​သောကြာ​နေ့ ​နေ့လည်​ပိုင်းတွင်​ ရန်​ကုန်​တိုင်း​ဒေသကြီး ဒဂုံမြို့သစ်​အ​ရှေ့ပိုင်း မြို့နယ်​ပါတီရုံးတွင်​ ကျင်းပပြုလုပ်​​သော အမျိုးသမီး​ရေးရာလှုပ်​ရှား​ဆောင်​ရွက်​မှု တစ်ခုအဖြစ်​ စက်​ချုပ်​သင်​တန်းအား ဖွင့်​လှစ်​ခဲ့ပါသည်​။

အဆိုပါအခမ်းအနားသို့ ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီ ဗဟိုအတွင်း​ရေးမှူး ​ဒေါက်​တာ​ဒေါ်စန်းစန်းနွယ်​ ၊ ဗဟို​ကော်​မတီဝင်​ ​ဒေါ်ခင်​​ရွှေမြင့်​ ၊ ရန်​ကုန်​တိုင်းပါတီ​ကော်​မတီဝင်​ ​ဒေါ်စန်းစန်းဝင်း ၊ ​ဒေါက်​တာ​ကျော်​စိုး ၊ ​ဒေါ်​အေး​အေးမြင့်​ ၊ အ​ရှေ့ပိုင်းခရိုင်​ပါတီဥက္ကဌ ဦးစိန်​မြင့်​ ၊ မြို့နယ်​ပါတီမှ တာဝန်​ရှိသူများ ၊ သင်​တန်းဆရာများ ၊ သင်​တန်းသူများ တက်​​ရောက်​ခဲ့ကြပါသည်​။

သတင်းမီဒီယာ(ဆင့်ပွား)သင်တန်းဖွင့်လှစ်

 

၃၁.၈.၂၀၁၇ ရက်နေ့ နံနက် (၉း၃၀)နာရီအချိန်တွင် ဗိုလ်ကလေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးမြသိန်း၊ အတွင်းရေးမှူး ဦးလှဌေးတို့ ဦးဆောင်လမ်းညွှန်မှုဖြင့် ရပ်ကျေး ပါတီမီဒီယာအဖွဲ့ဝင် (၂၂) ဦးကို မြို့နယ်ပါတီရုံး အစည်းအဝေး ခန်းမ၌ သတင်းမီဒီယာ (ဆင့်ပွား) သင်တန်းအပတ်စဉ် (၁/၂၀၁၇)ကို ဖွင့်လှစ်ပို့ချခဲ့သည်။