ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ သူရဦးအေးမြင့် ရေဦးမြို့နယ်လေဘေးသင့် ဒေသများသို့ထောက်ပံ့ကူညီ

68649446-29042016

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) သူရဦးအေးမြင့် သည် ယခုလ ၂၆ ရက် ညနေ ၅ နာရီတွင် စစ်ကိုင်း တိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦး မြို့နယ်အတွင်းမှ လေဘေးသင့် ကျေးရွာတစ်ခုဖြစ်သည့် ဖိန်းတောကျေးရွာသို့ ရောက်ရှိပြီး ယခုလ ၂၂ ရက် ညနေပိုင်းတွင် ကျရောက် ခဲ့သည့် မိုးသက်လေပြင်းနှင့် မိုးသီးများကြောင့်ပျက်စီးခဲ့ရသည့်ပြည်သူများ၏ စေတီပုထိုး သာသနိက အဆောက်အအုံများ၊ လူနေအိမ်များ၊ သီးနှံစိုက်ခင်းများ၊ လျှပ်စစ် မီးကြိုးများနှင့် ဓာတ်တိုင်များပျက် စီးမှုအတွက် စာနာထောက်ထား အားပေးစကားပြောကြားကာကူညီ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ အဆိုပါ လေဘေးသင့်ဒေသ အားပေးကူညီခြင်း ခရီးစဉ်သို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင် ဖွံ့ဖြိုးရေး ပါတီမှ ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် ဒေါက်တာဝင်းမြင့် အောင် (စစ်ကိုင်းတိုင်းဒေသကြီး ပါတီအတွင်းရေးမှူး)၊ တိုင်းဒေသ ကြီးပါတီ ကော်မတီဝင်ဦးမင်းမင်း ဇေယျာမြင့်၊ တိုင်းဒေသကြီး ပါတီ ကော်မတီဝင် ဦးအောင်ကိုစံ၊ ရွှေဘို ခရိုင်ပါတီဥက္ကဋ္ဌ ဦးမြတ်မျိုးညွန့် နှင့် ခရိုင်ပါတီကော်မတီ ဝင်များ၊ ရေဦးမြို့နယ်ပါတီနာယကဦးအောင် ကျော်ဦး၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးညိုဝင်းနှင့် မြို့နယ်ပါတီ ကော် မတီဝင်များ၊ ဖိန်းတောကျေးရွာမှ လေဘေးသင့်မိဘပြည်သူများ တက် ရောက်ကြသည်။ ထို့နောက် ပြည်ထောင်စု ကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌသည် ရေဦးမြို့နယ်ပါတီ ဒုတိယဥက္ကဋ္ဌ ဦးညိုဝင်း အား မြို့နယ်အတွင်း အခြားလေဘေးသင့် ကျေးရွာများဖြစ်သည့် ဇေယျဝတီ ကျေးရွာ၊ သံသည်ကျေးရွာ၊ ခေါင်းနွဲ့ကျေးရွာနှင့် ဝင်ဝကျေးရွာများသို့ တစ်ရွာလျှင်ငွေကျပ်ငါးသိန်းစီဆက် လက်ထောက် ပံ့နိုင်ရန် ငွေကျပ်သိန်း ၂ဝ ပေးအပ်ခဲ့သည်။


Leave a Reply