မက္ဆီကို ေက်ာ္ျဖတ္ၿပီး ဘလြန္းဒီေအာဆု ယူနိုင္မယ္လို႔ ယုံၾကည္ေနတဲ့ ဟာလန္း

(2022-23) UEFA Best Player of the Year Award ဆုရရွိထားတဲ့ မန္စီးတီး တိုက္စစ္ကစားသမား အာလင္ ဟာလန္းဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ မန္စီးတီးအသင္း အတြက္ ၿပိဳင္ပြဲစုံမွာ ၅၃ ပြဲ ကစားေပးခဲ့ရာ သြင္းဂိုး ၅၂ ဂိုးအထိ သြင္းယူနိုင္ခဲ့သလို ဂိုးဖန္တီးမႈ ၉ ႀကိမ္ ျပဳလုပ္နိုင္ခဲ့ၿပီး ပရီးမီးယားလိဂ္ ေရႊဖိနပ္ဆုနဲ႔ ခ်န္ပီယံလိဂ္ ေရႊဖိနပ္ဆုတို႔ကိုလည္း ရရွိထားပါတယ္။
ဟာလန္းဟာ မႏွစ္ကရာသီမွာ နိုင္ငံအသင္းနဲ႔ ေအာင္ျမင္မႈမရွိခဲ့ေပမဲ့ မန္စီးတီးအသင္းနဲ႔ အတူ ခ်န္ပီယံလိဂ္ဆုဖလားအပါအဝင္ ဆုဖလားသုံးလုံး ရယူနိုင္ခဲ့တာလည္းျဖစ္ပါတယ္။
၂၀၂၃ ခုႏွစ္ ဘလြန္းဒီေအာဆုကို မက္ဆီကို ေက်ာ္ျဖတ္ၿပီး ရယူနိုင္ဖို႔ ေမၽွာ္လင့္ထားေၾကာင္း ဟာလန္းကဆိုပါတယ္။
ဒါ့ေၾကာင့္ မက္ဆီနဲ႔ ဟာလန္းတို႔ဟာ ျပင္သစ္ေဘာလုံးမဂၢဇင္းကခ်ီးျမႇင့္တဲ့ ဘလြန္းဒီေအာ တစ္ႏွစ္တာ အေကာင္းဆုံးကစားသမားဆုရဖို႔ အၿပိဳင္ျဖစ္ေနၾကပါတယ္။
ဆုေပးပြဲအခမ္းအနားကို ျပင္သစ္နိုင္ငံ၊ ပါရီၿမိဳ႕ရွိ Théâtre du Châtelet ၌ လာမယ့္ ေအာက္တိုဘာလ(၃၀)ရက္ေန႔တြင္ ျပဳလုပ္သြားမွာလည္းျဖစ္ပါတယ္။

=============================

မက်ဆီကို ကျော်ဖြတ်ပြီး ဘလွန်းဒီအောဆု ယူနိုင်မယ်လို့ ယုံကြည်နေတဲ့ ဟာလန်း

(2022-23) UEFA Best Player of the Year Award ဆုရရှိထားတဲ့ မန်စီးတီး တိုက်စစ်ကစားသမား အာလင် ဟာလန်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်စီးတီးအသင်း အတွက် ပြိုင်ပွဲစုံမှာ ၅၃ ပွဲ ကစားပေးခဲ့ရာ သွင်းဂိုး ၅၂ ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၉ ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ပရီးမီးယားလိဂ် ရွှေဖိနပ်ဆုနဲ့ ချန်ပီယံလိဂ် ရွှေဖိနပ်ဆုတို့ကိုလည်း ရရှိထားပါတယ်။
ဟာလန်းဟာ မနှစ်ကရာသီမှာ နိုင်ငံအသင်းနဲ့ အောင်မြင်မှုမရှိခဲ့ပေမဲ့ မန်စီးတီးအသင်းနဲ့ အတူ ချန်ပီယံလိဂ်ဆုဖလားအပါအဝင် ဆုဖလားသုံးလုံး ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
၂၀၂၃ ခုနှစ် ဘလွန်းဒီအောဆုကို မက်ဆီကို ကျော်ဖြတ်ပြီး ရယူနိုင်ဖို့ မျှော်လင့်ထားကြောင်း ဟာလန်းကဆိုပါတယ်။
ဒါ့ကြောင့် မက်ဆီနဲ့ ဟာလန်းတို့ဟာ ပြင်သစ်ဘောလုံးမဂ္ဂဇင်းကချီးမြှင့်တဲ့ ဘလွန်းဒီအော တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုရဖို့ အပြိုင်ဖြစ်နေကြပါတယ်။
ဆုပေးပွဲအခမ်းအနားကို ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ Théâtre du Châtelet ၌ လာမယ့် အောက်တိုဘာလ(၃၀)ရက်နေ့တွင် ပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။