ဂျိုကိုဗစ် ပြင်သစ်အိုးပင်းချန်ပီယံဆု ဆွတ်ခူး

Tennis - French Open Mens Singles Final match - Roland Garros - Novak Djokovic of Serbia vs Andy Murray of Britain - Paris, France - 05/06/16.  Novak Djokovic celebrates with ball girls. REUTERS/Nicolas Gouhier/FFT/Pool

ဇွန် ၅ ရက်နေ့က ယှဉ်ပြိုင်သွားတဲ့ ပြင်သစ် အိုးပင်း တင်းနစ်ပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲမှာ ဆာဗီးယားတင်းနစ်သမား ဂျိုကိုဗစ်က ဗြိတိန်က မာရေးကို ၃ – ၆၊  ၆ – ၁၊  ၆ – ၂၊ ၆ – ၄ နဲ့ အနိုင်ရပြီး ဂရန်စလမ်း ဖလား ၄ ခုစလုံးကို ရရှိသူအဖြစ် မှတ်ကျောက်တင်နိုင်လိုက်ပါတယ်။

အရင်က ပြင်သစ်အိုးပင်း ဖိုင်နယ်ကို ၃ ကြိမ် တက်ခွင့်ရခဲ့ပေမယ့် ၃ ကြိမ်စလုံး ရှုံးခဲ့ဖူးတဲ့ ဂျိုကိုဗစ်အတွက် ပထမဆုံး ပြင်သစ်အိုးပင်း ချန်ပီယံ ဆုဖလားလည်း ဖြစ်ပါတယ်။

ကမ္ဘာ့နံပါတ် ၁ ဂျိုကိုဗစ်ဟာ ပွဲအစမှာ စိတ်လှုပ်ရှားခဲ့ပုံရပေမယ့် နောက်ပိုင်းမှာတော့ လက်စွမ်းပြ ကစားနိုင်ခဲ့ပါတယ်။

အခုရလိုက်တဲ့ ဆုဖလားဟာ သူ့အတွက် ၁၂ ကြိမ်မြောက် ဂရန်စလမ်း ချန်ပီယံ ဖလားဖြစ်ပြီး ဖလား ၄ ခုစလုံးကို တချိန်တည်းရရှိတဲ့ အမျိုးသား တင်းနစ်သမားတွေထဲမှာ တတိယမြောက် ဖြစ်လာပါတယ်။

ဝင်ဘယ်တန်၊ ပြင်သစ်အိုးပင်း၊ အမေရိကန် အိုးပင်း၊ သြစတြေလျး အိုးပင်း ချန်ပီယံ ဖလားတွေကို သိမ်းကြုံးယူနိုင်တဲ့ ၈ ယောက်မြောက် တင်းနစ်သမား ဖြစ်လာပါတယ်။

မာရေးကတော့ အဖွင့်မှာ အကွက်ကျကျ ကစားနိုင်သလို ခံစစ်လည်း ကောင်းခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဂျိုကိုဗစ်ကို မယှဉ်နိုင်ခဲ့ဘဲ ပထမဆုံး ပြင်သစ်အိုးပင်း ချန်ပီယံဖလားကို အရယူမယ့် အိပ်မက်ကို လက်လွှတ် လိုက်ရပါတယ်။

(ရိုက်တာ)


Leave a Reply