ျပည္သူမ်ား အလုပ္အကိုင္အခြင့္အလမ္းရရွိေရး ျပည္ခိုင္ၿဖိဳးက ေဆာင္ရြက္ေပးမႈ

ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ၊ အလုပ္သမားေရး ရာတာ၀န္ခံ ဗဟိုအလုပ္အမႈေဆာင္ ဦးေမာင္ျမင့္သည္ အသိပညာ အတတ္ပညာ ကၽြမ္းက်င္ၾကသည့္လူငယ္ေမာင္မယ္မ်ားအား ျပည္တြင္း/ျပည္ပ၌ အလုပ္အကိုင္ အခြင့္အလမ္းမ်ားရရွိေစေရး ႀကိဳးပမ္းေဆာင္ရြက္ေပးလ်က္ရွိရာ ၇.၈.၂၀၂၃ရက္ေန႔တြင္ ပဲခူးတိုင္းေဒသႀကီးပါတီ႐ုံး၌ Myanmar Sankou Co,LTDႏွင့္ခ်ိတ္ဆက္၍ ပဲခူးတိုင္းေဒသႀကီးအေရွ႕ပိုင္း၊ ပဲခူးတိုင္းေဒသႀကီးအေနာက္ပိုင္း၊ မြန္ျပည္နယ္၊ ဧရာ၀တီတိုင္းေဒသႀကီးတို႔မွ ဂ်ပန္နိုင္ငံသို႔အလုပ္သြားေရာက္လုပ္ကိုင္လိုသည့္ လူငယ္မ်ားႏွင့္ ေတြ႕ဆုံေစၿပီးလူေတြ႕စစ္ေဆးျခင္းမ်ား ေဆာင္ရြက္ေပးခဲ့ပါသည္။
ဂ်ပန္နိုင္ငံသို႔ သြားေရာက္အလုပ္လုပ္ကိုင္လိုၾကသည့္ လူငယ္စုစုေပါင္း(၃၀၀)ေက်ာ္အား ၇.၈.၂၀၂၃ရက္ေန႔ နံနက္ ၉နာရီအခ်ိန္တြင္ ပဲခူးတိုင္းေဒသႀကီးပါတီ႐ုံးတြင္ Myanmar Sankou Co LTDမွတာ၀န္ရွိသူမ်ားမွ ၀င္ခြင့္ရရွိေရး အဆင့္ဆင့္စစ္ေဆးခဲ့ပါသည္။
ထိုသို႔စစ္ေဆးရာတြင္ အသက္ (၁၈ႏွစ္မွ ၂၈ႏွစ္အတြင္း)ကိုယ္အေလးခ်ိန္ ၊အရပ္ ၊ မ်က္စိ၊သခၤ်ာညာဏ္စမ္း ေမးခြန္းမ်ားကိုစစ္ေဆးအၿပီး ေအာင္ျမင္ၿပီးသူမ်ားသည္ Myanmar Sankou သင္တန္းေက်ာင္းတြင္ သင္တန္းတက္ေရာက္ၿပီး ေဆာက္လုပ္ေရးလုပ္ငန္းမ်ားတြင္လည္းေကာင္း၊ စိုက္ပ်ိဳးေရးလုပ္ငန္းမ်ားတြင္ လည္းေကာင္း၊ စားေသာက္ကုန္လုပ္ငန္းမ်ားတြင္လည္းေကာင္း သက္ႀကီးဘိုးဘြားမ်ားေစာင့္ေရွာက္ေရး လုပ္ငန္းမ်ားမွာ လုပ္ေဆာင္ရမွာျဖစ္ပါသည္။ ဆက္လက္၍လည္း အလုပ္အကိုင္ရရွိေရး ေဆာင္ရြက္ေပးမွာ ျဖစ္ပါသည္။

======================================

ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး ပြည်ခိုင်ဖြိုးက ဆောင်ရွက်ပေးမှု

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အလုပ်သမားရေး ရာတာ၀န်ခံ ဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့်သည် အသိပညာ အတတ်ပညာ ကျွမ်းကျင်ကြသည့်လူငယ်မောင်မယ်များအား ပြည်တွင်း/ပြည်ပ၌ အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရေး ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိရာ ၇.၈.၂၀၂၃ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးပါတီရုံး၌ Myanmar Sankou Co,LTDနှင့်ချိတ်ဆက်၍ ပဲခူးတိုင်းဒေသကြီးအရှေ့ပိုင်း၊ ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ မွန်ပြည်နယ်၊ ဧရာ၀တီတိုင်းဒေသကြီးတို့မှ ဂျပန်နိုင်ငံသို့အလုပ်သွားရောက်လုပ်ကိုင်လိုသည့် လူငယ်များနှင့် တွေ့ဆုံစေပြီးလူတွေ့စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ပါသည်။

ဂျပန်နိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်လိုကြသည့် လူငယ်စုစုပေါင်း(၃၀၀)ကျော်အား ၇.၈.၂၀၂၃ရက်နေ့ နံနက် ၉နာရီအချိန်တွင် ပဲခူးတိုင်းဒေသကြီးပါတီရုံးတွင် Myanmar Sankou Co LTDမှတာ၀န်ရှိသူများမှ ၀င်ခွင့်ရရှိရေး အဆင့်ဆင့်စစ်ဆေးခဲ့ပါသည်။

ထိုသို့စစ်ဆေးရာတွင် အသက် (၁၈နှစ်မှ ၂၈နှစ်အတွင်း)ကိုယ်အလေးချိန် ၊အရပ် ၊ မျက်စိ၊သင်္ချာညာဏ်စမ်း မေးခွန်းများကိုစစ်ဆေးအပြီး အောင်မြင်ပြီးသူများသည် Myanmar Sankou သင်တန်းကျောင်းတွင် သင်တန်းတက်ရောက်ပြီး ဆောက်လုပ်ရေးလုပ်ငန်းများတွင်လည်းကောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတွင် လည်းကောင်း၊ စားသောက်ကုန်လုပ်ငန်းများတွင်လည်းကောင်း သက်ကြီးဘိုးဘွားများစောင့်ရှောက်ရေး လုပ်ငန်းများမှာ လုပ်ဆောင်ရမှာဖြစ်ပါသည်။ ဆက်လက်၍လည်း အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးမှာ ဖြစ်ပါသည်။