ျပည္ခိုင္ၿဖိဳးပါတီ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး ၂၀၂၃-၂၀၂၄ ပညာသင္ႏွစ္ ဦးစီး႐ုံးအဖြဲ႕ဝင္မ်ားႏွင့္ ေရႊဧည့္သည္မ်ား၏ သားသမီးမ်ားအတြက္ ေက်ာင္းသုံးဗလာစာအုပ္ႏွင့္ ေက်ာင္းသုံးကိရိယာပစၥည္းမ်ား ေပးအပ္ပြဲသို႔ တက္ေရာက္

ဇူလိုင္ ၂၊ ေနျပည္ေတာ္
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအးသည္ ၂၀၂၃ ခုႏွစ္၊ ဇူလိုင္လ ၂ ရက္ေန႔ နံနက္ပိုင္းတြင္ ပါတီဌာနခ်ဳပ္ ညီလာခံခန္းမ၌ ျပဳလုပ္ေသာ ၂၀၂၃-၂၀၂၄ ပညာသင္ႏွစ္ ဦးစီး႐ုံးအဖြဲ႕ဝင္မ်ားႏွင့္ ေရႊဧည့္သည္မ်ား၏ သားသမီးမ်ားအတြက္ ေက်ာင္းသုံးဗလာစာအုပ္ႏွင့္ ေက်ာင္းသုံး ကိရိယာပစၥည္းမ်ားေပးအပ္ပြဲသို႔ တက္ေရာက္ၿပီး အမွာစကားေျပာၾကားခဲ့ပါသည္။
အမွာစကားေျပာၾကားမႈအၿပီးတြင္ ပါတီအေထြေထြအတြင္းေရးမႉးႏွင့္ ဌာနခ်ဳပ္မႉးတို႔သည္ စာသင္ေက်ာင္း အသီးသီးတြင္ ပညာသင္ၾကားေနၾကသည့္ ဦးစီး႐ုံးအဖြဲ႕ဝင္မ်ားႏွင့္ ေရႊဧည့္သည္မ်ား၏ သားသမီးမ်ားအတြက္ ေက်ာင္းသုံးဗလာစာအုပ္ႏွင့္ ေက်ာင္းသုံးကိရိယာပစၥည္းမ်ားအား သက္ဆိုင္ရာ Grade မ်ားအလိုက္ ေပးအပ္ခ်ီးျမႇင့္ခဲ့ၿပီး အခမ္းအနားအား ႐ုပ္သိမ္းခဲ့ပါသည္။
အဆိုပါ အခမ္းအနားသို႔ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ အေထြေထြအတြင္းေရးမႉး ဦးေသာင္းေအး၊ ဌာနခ်ဳပ္မႉး ဦးေသာင္းေရႊႏွင့္ ဌာနမႉမ်ား၊ ဦးစီး႐ုံးအဖြဲ႕ဝင္မ်ား၊ ေရႊဧည့္သည္မ်ားႏွင့္ ေက်ာင္းသားေက်ာင္းသူမ်ား တက္ေရာက္ခဲ့ပါသည္။

======================================================================

ပြည်ခိုင်ဖြိုးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဦးစီးရုံးအဖွဲ့ဝင်များနှင့် ရွှေဧည့်သည်များ၏ သားသမီးများအတွက် ကျောင်းသုံးဗလာစာအုပ်နှင့် ကျောင်းသုံးကိရိယာပစ္စည်းများ ပေးအပ်ပွဲသို့ တက်ရောက်

ဇူလိုင် ၂၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးသည် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် ပါတီဌာနချုပ် ညီလာခံခန်းမ၌ ပြုလုပ်သော ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဦးစီးရုံးအဖွဲ့ဝင်များနှင့် ရွှေဧည့်သည်များ၏ သားသမီးများအတွက် ကျောင်းသုံးဗလာစာအုပ်နှင့် ကျောင်းသုံး ကိရိယာပစ္စည်းများပေးအပ်ပွဲသို့ တက်ရောက်ပြီး အမှာစကားပြောကြားခဲ့ပါသည်။

အမှာစကားပြောကြားမှုအပြီးတွင် ပါတီအထွေထွေအတွင်းရေးမှူးနှင့် ဌာနချုပ်မှူးတို့သည် စာသင်ကျောင်း အသီးသီးတွင် ပညာသင်ကြားနေကြသည့် ဦးစီးရုံးအဖွဲ့ဝင်များနှင့် ရွှေဧည့်သည်များ၏ သားသမီးများအတွက် ကျောင်းသုံးဗလာစာအုပ်နှင့် ကျောင်းသုံးကိရိယာပစ္စည်းများအား သက်ဆိုင်ရာ Grade များအလိုက် ပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဌာနချုပ်မှူး ဦးသောင်းရွှေနှင့် ဌာနမှူများ၊ ဦးစီးရုံးအဖွဲ့ဝင်များ၊ ရွှေဧည့်သည်များနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ပါသည်။