တွံ့တေး ခရိုင်ပါတီရုံးဖွင့်လှစ်ခြင်းနှင့် ပါတီဆိုင်းဘုတ်တင် အခမ်းအနားပြုလုပ်

တွံ့တေး အောက်တိုဘာ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံ့တေးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးဖွင့်လှစ်ခြင်းနှင့် ပါတီဆိုင်းဘုတ် တင်ခြင်း အခမ်းအနားအား ၃၀.၁၀.၂၀၂၂ရက် နံနက် ၉း၄၅ အချိန်တွင် ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားအား တွံတေး ခရိုင်ဥက္ကဌ ဦးကျော်ဇင်ဟိန်း၊ တွံ့တေးခရိုင် အတွင်းရေးမှူး ဦးတင့်လင်း၊ ခရိုင်ဘဏ္ဌရေးမှူး ဦးတင်ဝင်းထွန်း၊ ခရိုင်ပါတီကော်မတီဝင်များနှင့် မြို့နယ်ပါတီကော်မတီဝင်များ စုစုပေါင်း တက်ရောက်လာသူ (၃၀) ဦး တို့ဖြင့် ဖွင့်ပွဲအခမ်းအနားအား ဆောင်ရွက်ခဲ့ပါသည်။