နယ်မြေကွင်းဆင်း၍ ဒေသဖွံ့ဖြိုးရေးကိစ္စများဆွေးနွေး

ဘိုကလေး မေ ၂၂
ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဘိုကလေးမြိုနယ် ပြည်မဏ္ဍိုင်အစီအစဉ်အရ မြိုနယ်အဖွဲခေါင်းဆောင် ဒေါ်မေသန်းဦး ဦးဆောင်ပြီး အဖွဲဝင်များသည် ယနေ့မနက်(၁၀)နာရီအချိန်၌ စက်ဆန်းကျေးရွာ(၁) နယ်မြေ ဆုံဆည်းရာဆုံမှတ်တွင် စက်ဆန်းကျေးရွာအုပ်စု ပြည်မဏ္ဍိုင်အဖွဲဝင်များနှင့် တွေ့ဆုံပြီး ဒေသဖွံဖြိုးရေး၊ ကိစ္စရပ်များ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲသိုစက်ဆန်းထော်ပိုင်၊ ပျဉ်ဘိုးကြီးကျေးရွာများမှဒေသဖွံဖြိုးရေးစိတ်ပါဝင်စားသူ စုစုပေါင်း အင်အား (၂၇)ဦး တက်ရောက်ခဲ့ပြီး ၎င်းတို့ တင်ပြချက်များ ပြေလည်နိုင်စေရေးကို မြိုနယ် ပြည့်မဏ္ဍိုင်အဖွဲမှ သက်ဆိုင်ရာအဖွဲများနှင့် ကူညီချိတ်ဆက်မှုများ ပြုလုပ်ပေးခဲ့သည်။