ပြည်နယ်ပါတီရုံးခြံဝင်း စုပေါင်းသန့်ရှင်းရေးပြုလုပ်

စစ်တွေ၊ မေ ၂၂
မေ ၂၁ ရက်နေ့ နံနက် ၇ နာရီတွင် ရခိုင်ပြည်နယ်ပါတီရုံးအတွင်း မိုခါမုန်တိုင်းဒါဏ်ကြောင့် ပျက်စီးသွားသည့် ခေါင်မိုးများ၊ သစ်ပင်ကြီးများအား စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။
အဆိုပါစုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းကို ရခိုင်ပြည်နယ်ပါတီ ဥက္ကဌ ဒေါက်တာစန်းရွှေ၊ ပြည်နယ်အတွင်းရေးမှူး ဦးသန်းဝေနှင့် ပြည်နယ်ကော်မတီဝင်များ၊ စစ်တွေမြို့နယ်ပါတီဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကျေးပါတီကော်မတီဝင်များနှင့် ပါတီဝင်များ စုစုပေါင်း အင်အား(၈၀)ဦးခန့် စုပေါင်းလုပ်အားပေးခဲ့ကြသည်။