PSG ကနေ ထွက်ခဲ့ဖို့ တိုက်စစ်မှူးဘက်ပီကို ကာရေဂါ တိုက်တွန်း

ပြင်သစ်တိုက်စစ်မှူး ကီလီယန်ဘက်ပီအနေနဲ့ ချန်ပီယံလိဂ်ဖလားဆွတ်ခူးချင်တယ်ဆိုရင် လက်ရှိကလပ် PSG ကို စွန့်ခွာဖို့ လိုအပ်ကြောင်း ဘောလုံးပွဲသုံးသပ်တင်ဆက်သူ ဂျေမီကာရေဂါ က တိုက်တွန်းပြောကြားလိုက်ပါတယ်။

ဘက်ပီနဲ့ အသင်းဖော်တိုက်စစ်မှူး မက်ဆီတို့ဦးဆောင်တဲ့ PSG ဟာ ချန်ပီယံလိဂ်ရှုံးထွက်အဆင့်မှာ ဘိုင်ယန်မြူးနစ်ကို နှစ်ကျော့ပေါင်းရလဒ် ၃-၀ နဲ့ရှုံးပြီး ပြိုင်ပွဲကထွက်ခဲ့ရပါတယ်။

ယမန်နေ့က ဒုတိယအကျော့ပွဲစဉ်အပြီးမှာ လီဗာပူးနောက်ခံလူဟောင်းလည်းဖြစ်တဲ့ ကာရေဂါ က “ဘက်ပီအနေနဲ့ ချန်ပီယံလိဂ်ဖလားလိုချင်တယ်ဆိုရင် တခြားအသင်းမှာ ပိုပြီးနီးစပ်ပါလိမ့်မယ်။ ဥပမာ ရီးရဲလ်မက်ဒရစ်လို အသင်းမျိုးပေါ့” လို့ ဆိုခဲ့တာပါ။