ပါတီဗဟိုအတိုင်ပင်ခံနှင့် ပြင်ဦးလွင်ခရိုင်/မြို့နယ်ပါတီတွေ့ဆုံပွဲပြုလုပ်

 (၂၀-၂-၂၀၂၃)ရက်နေ့(၀၉:၃၀)မှ(၁၁:၀၀)အချိန်ထိ ပြင်ဦးလွင်ခရိုင် ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ပြည်ခိုင်ဖြိုးပါတီဗဟိုအတိုင်ပင်ခံဦးရဲမြင့်နှင့်ပြင်ဦးလွင်ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များတွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ ပါသည်။ တွေ့ဆုံပွဲတွင် ပါတီဗဟိုအတိုင်ပင်ခံ ဦးရဲမြင့်မှ ပါတီ၏ရှေ့လုပ်ငန်းစဉ်များဆောင်ရွက်ရာတွင် အားလုံး တက်ညီ လက်ညီဖြင့် စည်းလုံးညီညွတ်စွာဆောင်ရွက်သွားကြရန်၊ ပါတီလှုပ်ရှားမှုများအား ကဏ္ဍပေါင်းစုံမှ အရှိန်အဟုန် မြှင့်ဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသည့် ခရိုင်/မြို့နယ်ပါတီ ကော်မတီဝင်များက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများနှင့်ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များ အား တင်ပြခဲ့ရာ ပါတီဗဟိုအတိုင်ပင်ခံဦးရဲမြင့်မှ လိုအပ်သည်များ ရှင်းလင်းပြောကြားခဲ့ပါသည်။