နယ်မြေကွင်းဆင်း၍ပါတီဝင်အင်အားစိစစ်ခြင်းဆောင်ရွက်

ကလော ဖေဖော်ဝါရီ ၁၉

ရှမ်းပြည်နယ် တောင်ပိုင်း၊ ကလောမြိုနယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဌ ဦးစံဌေး၊ မြိုနယ်အတွင်းရေးမှူး ဦးခွန်ထွန်းဖြူ နှင့် မြိုနယ်ကော်မတီဝင်များ ၊ ကလောမြိုနယ် ဘော်နင်းကျေးရွာအုပ်စုဥက္ကဌ နှင့်အတူ နတ်တော်၊ ချောင်းနီပေါက်၊ အင်းဝင်း၊ ဝါးကြီးမြောင်ရွာ မှ ပါတီဝင်များနှင့် တွေ့ဆုံပြီး ပါတီဝင်အင်အား စိစစ်ခြင်း၊ ရက် ( ၉၀ ) စီမံချက်ပါဆောင်ရွက်ချက်များအား ဆွေးနွေးညှိနှိင်းကြပါသည်။ ထို့အပြင် ကမ်ဘားနီ ကျေးရွာအုပ်စု ကျောင်းရှေ့ခွဲရွာခေါင်းဆောင် နှင့် တွေ့ဆုံပြီး ပါတီဝင်အင်အားစိစစ်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။