ပါတီဝင်အင်အားစိစစ်ခြင်းနှင့် ရှေ့လုပ်ငန်းစဉ်များဆွေးနွေး

တာချီလိတ် ဖေဖော်ဝါရီ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်ပါတီအတွင်းရေးမှူး ဦးစိုးကျော်အောင်သည် မြို့နယ်ပါတီ အမျိုးသမီးရေးရာ တာဝန်ခံ ဒေါ်မူအန်တူငဲတ၊ မြို့နယ်ပါတီရုံးဝန်ထမ်းများနှင့်အတူ မိုင်းကိုးအုပ်စုစည်းရုံးရေး တာဝန်ခံ ဦးနန္ဒာ နှင့် အုပ်စု စည်းရုံးရေးအဖွဲ့များ လိုက်ပါ၍ ယန်းခမ်းရွာ၊ နာတာကျိုရွာ၊ မယ်ဖုံးလုံကျေးရွာမှ ပါတီဝင်များဖြင့် တွေ့ဆုံ၍ ပါတီဝင်အင်အား စီစစ်ခြင်း၊ ပါတီရှေ့လုပ်ငန်းစဉ်များ တွေ့ဆုံညှိနိုင်းခြင်းများ ဆောင်ရွက်ခဲ့ပါသည်။