နယူးဇီလန်တွင် မုန်တိုင်းကြောင့် အရေးပေါ်အခြေအနေကြေညာ

ဝဲလင်တန်၊ဖေဖော်ဝါရီ ၁၄

ဆိုင်ကလုန်းမုန်တိုင်း ဂါဘရီလီကြောင့် နူးဇီလန်နိုင်ငံ၌အင်္ဂါနေ့တွင် နိုင်ငံလုံးဆိုင်ရာအရေးပေါ်အခြေနေ ကြေငြာခဲ့ရသည်။ အဆိုပါမုန်တိုင်းကြောင့် ရေလွှမ်းမိုးမှုများဖြစ်ပေါ်ခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးများ ပြတ်တောက်ကာ လူပေါင်းတစ်သိန်းကျော်လည်း လျှပ်စစ်မီးမရကြကြောင်းသိရသည်။

နိုင်ငံ၏လူနေထူထပ်ရာ မြောက်ပိုင်းဒေသများ၌ လေပြင်းများတိုက်ခတ်ကာမိုးသည်းထန်ခြင်းတို့ဖြစ်ပေါ်ခဲ့ပြီး မကြုံဖူးသောအခြေမျိုးဖြစ်သည်ဟုလည်းဆိုကြသည်။နူးဇီလန်အတွက် ယခုတစ်ကြိမ်သည်သုံးကြိမ်မြောက်အနေဖြင့် နိုင်ငံအားအရေးပေါ်အခြေနေကြေငြာခဲ့ရခြင်းဖြစ်ပြီး ရှေ့နှစ်ကြိမ်မှာ Christchurch တိုက်ခိုက်မှုနှင့် ကိုဗစ်ကြောင့် အရေးပေါ်အခြေနေကြေငြာခဲ့ခြင်းဖြစ်သည်။

လေပြင်းထန်မှုကြောင့်သစ်ပင်ကျိုးကျမှုများ၊ မြေပြိုမှုများနှင့် လမ်းများကျိုးပဲ့မှုများလည်း ဖြစ်ပေါ်နေကာ အိမ်အချို့မှာလည်း နစ်မြုပ်နေပြီဖြစ်ကြောင်းသိရသည်။ ထိုသို့ဖြစ်ပေါ်မှုများကြောင့် လမ်းပန်းဆက်သွယ်ရေး များလည်း ခက်ခဲလာကာ နိုင်ငံမြောက်ပိုင်းသို့ ကူးသန်းသွားလာလို့မရတော့ကြောင်းဖော်ပြထားသည်။

အချို့မှာနေအိမ်စွန့်ခွာရှောင်တိမ်းနေရပြီဖြစ်သည်ဟု ဒေသတွင်းမီဒီယာများကဖော်ပြထားသည်။ ညတွင်းချင်း ပြောင်းရွှေ့ရန် ညွှန်ကြားသည့်မက်ဆေ့ချ်ဝင်လာသဖြင့် အသင့်ပြင်ထားသည့် အိတ်များနှင့်ဘေးလွတ်ရာသို့ ရွှေ့ခဲ့ရ သည်ဟုလည်း ကိုယ်တွေ့ကြုံရသူတစ်ဦးကပြောကြားခဲ့သည်။

ဆိုင်ကလုန်းမုန်တိုင်း ဂါဘရီလီသည် နူးဇီလန်မြောက်ပိုင်းသို့ဦးတည်တိုက်ခတ်ခဲ့ပြီး တစ်နာရီလျှင်ကီလိုမီတာ ၁၄၀ နှုန်းဖြင့် တိုက်ခတ်ခဲ့ခြင်းဖြစ်ကာ ကမ်းရိုးတန်းဒေသများ၌ ၂၄ နာရီအတွင်း မိုးရေချိန် ၂၀ စင်တီမီတာအထိ မြင့်တက်ခဲ့ပြီး ၁၁ မီတာမြင့်သည်လှိုင်းများပါဖြစ်ပေါ်စေခဲ့သည်ဟုသိရသည်။

မုန်တိုင်းကြောင့်လေကြောင်းလိုင်းများလည်းရပ်နားခဲ့ရပြီး လေယာဉ်ခရီးစဉ်ပေါင်း ၅၉၂ ခုဖျက်သိမ်းခဲ့ရကာ ခရီးသည်ပေါင်း သုံးသောင်းခွဲခန့် အဆိုပါလေယာဉ်ခရီးစဉ်ဖျက်သိမ်းမှုနှင့် ကြုံတွေ့ခဲ့ရသည်ဟုလည်း ဖော်ပြထားသည်။  Source :AFP