ကင်ဂျုံအန်းသမီးနှင့် အမည်တူသူများ နာမည်ပြောင်းရန် မြောက်ကိုရီးယား တာဝန်ရှိသူများ ဖိအားပေးနေဟုဆို

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း၏သမီး ကင်မ်ဂျူအေးနှင့် နာမည်ချင်းတူနေသူများကို အခြား နာမည်များပြောင်းကြရန် မြောက်ကိုရီးယား အာဏာပိုင်များက ဖိအာပေးနေကြောင်းသည်ဖောက်စ်သတင်းဌာနက ဖေဖော်ဝါရီ ၁၄ ရက်တွင် ရေးသားတင်ပြထားသည်။

ကင်းဂျုံအန်း၏ သမီးဖြစ်သူနှင့်အမည်ချင်းတူသူများကို အမည်ပြောင်းရန် မြောက်ကိုရီးယားတာဝန်ရှိသူများက ဖိအားပေးနေမူသည် ကင်မ်ဂျူအေးနှင့်ပတ်သက်၍ လျှို့ဝှက်ချက်များဖန်တီးရန် ကြိုးစားမှုတစ်ရပ်ဖြစ်ကြောင်း ဆောက်သ်ချိုင်းနားမောနင်းပို့စ်သတင်းစာ၏ အဆိုအရသိရသည်။

မြောက်ကိုရီးယားမြောက်ပိုင်း ပြည်နယ်တစ်ခု၌ ကင်မ်ဂျူအေးနှင့် နာမည်ချင်းတူသူ အမျိုးသမီးများကို ဆင့်ခေါ်၍ အမည်များပြောင်းကြရန် ဖိအားပေးတိုက်တွန်းထားကြောင်း မြောက်ကိုရီးယားပြည်တွင်းသတင်း အရင်းအမြစ်များ က ထုတ်ဖော်ပြောကြားထားသည်။

အလားတူပျောင်ဆောင်း အမည်ရှိ မြို့တော်တွင်လည်း မြောက်ကိုရီးယားအာဏာပိုင်များက ကင်မ်ဂျူအေးနှင့် အမည်တူ အမျိုးသမီးများကို သီတင်းတစ်ပတ်အတွင်း အမည်ပြောင်းရန် ညွှန်ကြားချက်တစ်ရပ် ထုတ်ထားကြောင်း သိရသည်။ မြောက်ကိုရီးယားနိုင်ငံသည် အစဉ်အလာအားဖြင့် နိုင်ငံ့ခေါင်းဆောင်များနှင့် အမည်တူအသုံးပြုမူကို ပိတ်ပင်လေ့ရှိသည်။

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်းသည် အသက် ကိုးနှစ်နှင့် ၁၀ နှစ်အကြားရှိကြောင်း ခန့်မှန်းရသည့် သမီးဖြစ်သူကို လူပုံအလယ်၌လေးက်ြိမ်တိုင်တိုင်ပွဲထုတ်ခဲ့သည်။

ယင်းအပြင် မြောက်ကိုရီးယား အစိုးရမီဒီယာများကလည်း ကင်မ်ဂျူအေးကို အကြီးအကျယ်အမွှမ်းတင် လျက်ရှိရာ ကင်မ်ဂျူအေးအနေဖြင့် ဖခင်ဖြစ်သူ ကင်ဂျုံအန်း၏ အရိုက်အရာကို ဆက်ခံနိုင်ကြောင်း ထင်ကြေးများလည်း ပေါ်ထွက်ခဲ့ရသည်။