တိုက်ကြီးခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အဖွဲ့ ပန်းပင်တန်းကျေးရွာအုပ်စုဒေသခံ တောင်သူ လယ်သမား များနှင့်ကွင်းဆင်းတွေ့ဆုံ

တိုက်ကြီးခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ  ဦးခင်မောင်မြင့်နှင့်အတွင်းရေးမှူး ဦးဝင်းသက်တို့သည် ယနေ့(15-1-2023) နံနက် ၉ နာရီအချိန် မှစတင်ကာ ပန်းပင်တန်းကျေးရွာအုပ်စု၊ရွာသာယာကျေးရွာ ပါတီဝင်ဦးဇော်မျိုးဦး နေအိမ်တွင် ဒေသခံတောင်သူလယ်သမားများနှင့်တွေ့ဆုံ၍ လက်ရှိနိုင်ငံရေးအခြေအနေများ၊လာမည့်ပါတီစုံဒီမိုကရေစီ အထွေထ ွေရွေးကောက်ပွဲ၌ကျင့်သုံးမည့် PR စနစ်အကြောင်းအကျယ်တဝင့် ရှင်းလင်း၍တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းတွင် လက်ရှိကြုံတွေ့နေရသည့်အခက်အခဲများ၊ စပါးစျေး၊ဓာတ်မြေဩဇာ၊စိုက်ပျိုးရေရရှိရေး၊ စက်သုံးဆီ၊ပိုးသတ်ဆေး၊စိုက်ပျိုးစရိတ်စသည့်သွင်းအားစု အခြေအနေများ၊စိုက်ပျိုးစရိတ်ချေးငွေ ကြွေးမြီပြဿနာ များ အစရှိသည်တို့ကိုတောင်သူလယ်သမားများနှင့် ရင်းရင်းနှီးနှီး အပြန်အလှန်ဆွေးနွေးကြပြီး တက်ရောက် လာသူများ အား ပါတီဥက္ကဋ္ဌကြီး ဦးခင်ရီပုံပါ နှစ်သစ်ဦးပြက္ခဒိန်များလည်းလက်ဆောင်ပေးအပ်ခဲ့သည်။