ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းဌေး မကွေးတိုင်းဒေသကြီးအတွင်းရှိ ပါတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးသည် ဗဟိုအတွင်းရေးမှူး များ ဖြစ်ကြသော ဦးတင်အောင်ချစ်၊ ဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်တို့ လိုက်ပါလျက် ဖေဖော်ဝါရီ (၁၄) ရက် နေ့လည် (၁၂) နာရီအချိန်က မကွေးတိုင်းဒေသကြီးပါတီရုံး အစည်းအဝေးခန်းမတွင် တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဘဏ္ဍာရေးမှူးများနှင့် တွေ့ဆုံ၍ ပါတီရေးရာကိစ္စများ၊ ၂၀၂၀ ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲတွင် မိမိပါတီအောင်နိုင်ရေးနှင့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲအောင်နိုင် ရေးကိစ္စများ မှာကြားခဲ့သည်။

အခမ်းအနားတွင် မကွေးခရိုင်၊ မင်းဘူးခရိုင်၊ သရက်ခရိုင်၊ ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်တို့မှ ပါတီဥက္ကဋ္ဌများမှ နယ်မြေအခြေအနေများ အသီးသီးတင်ပြကြပြီး တိုင်းပါတီဥက္ကဋ္ဌ (ဗဟိုအလုပ်အမှုဆောင် ဒေါက်တာကျော်ကျော် ဌေးမှ တိုင်းပါတီရေးရာကော်မတီများ အလိုက် ဆောင်ရွက်လျက်ရှိသောအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ပါတီဥက္ကဋ္ဌကြီး ဦးသန်းဌေးမှ လမ်းညွှန်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဗဟိုအလုပ် အမှုဆောင် ဦးဝဏ္ဏမောင်လွင်မှ လက်ရှိမြန်မာ့နိုင်ငံရေးအခြေအနေများကိုလည်းကောင်း၊ ဗဟိုအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးမှ ပါတီအောင်နိုင်ရေး အလေးထားဆောင်ရွက်ကြရန်လည်းကောင်း မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
အောင်နိုင်(တိုင်းကော်မတီဝင်)