ဒိုက်ဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးပါတီဝင်အမာခံများနှင့်တွေ့ဆုံ

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌဦးမင်းအောင် နှင့်မြို့နယ် ပါတီတာဝန်ရှိသူများသည် နိုဝင်ဘာလ ၂၀ ရက်နေ့နံနက်ပိုင်း မြို့နယ်အတွင်းရှိ အုတ်ရှစ်ကုန်းကျေးရွာ အုပ်စု တာဂွကျေးရွာရှိ ပါတီတာဝန်ရှိသူများ အမာခံပါတီဝင်များနှင့်ကွင်းဆင်းတွေ့ဆုံဆွေးနွေးခဲ့သည် ။ တွေ့ဆုံခဲ့ရာတွင် ပါတီ၏ပြုပြင်ပြောင်းလဲနေမှု တိုင်းပါတီဥက္ကဌ၏လမ်းညွန်မှာကြားမှု PRစနစ် ဗဟိုညီလာခံအတွေ့အကြုံ ပါတီဗဟို ၊ တိုင်း ၊ ခရိုင် ၊ မြို့နယ်ပါတီ၏လုပ်ငန်းဆေယင်ရွှက်နေမှု ရက် ၉၀ လုပ်ငန်းစီမံချက်အောင်မြင်စွာဆောင်ရွှက်နိုင်ရေး ပါတီ၏ရပ်တည်ချက် နိုင်ငံရေးသဘောထားများအား ချပြရှင်းလင်းခဲ့သည် ။

ရှင်းလင်းမှုများအပေါ်တက်ရောက်လာကြသော ပါတီဝင်များမှအသေးစိတ်မေးမြန်းခဲ့ခြင်း အကြံပြုခြင်း တင်ပြခြင်း များအား ဆောင်ရွှက်ခဲ့ပြီး တင်ပြချက်များအငေါ်ပါတီတာဝန်ရှိသူများမှ ဖြေရှင်း ညှိနှိုင်း ပေါင်းသပ်ဆောင်ရွှက်ခဲ့ပြီး အခမ်းအနားကိုအောင်မြင်စွာရုပ်သိမ်းခဲ့သည်။