အမေရိကနှင့်တောင်ကိုရီးယားတို့ အကြီး မားဆုံးလေကြောင်းစစ်ရေးလေ့ကျင့်မှုစတင်

အမေရိကနှင့်တောင်ကိုရီးယားတို့သည် ၎င်းတို့၏ အကြီးမားဆုံးလေကြောင်းစစ်ရေးလေ့ကျင့်မှုတစ်ခုအား အောက်တိုဘာ ၃၁ ရက်ကစတင်ခဲ့ပြီး နှစ်ဘက်စလုံးမှရာနှင့်ချီသော စစ်လေယာဉ်များပါဝင်ခဲ့သည်။

Vigilant Storm ဟုအမည်ပေးထားသော အဆိုပါစစ်ဆင်ရေးကို သောကြာနေ့အထိလုပ်ဆောင်မည်ဖြစ်ပြီး စစ်လေယာဉ် အစင်းပေါင်း၂၄၀ ခန့်ပါဝင်မည်ဖြစ်ကြောင်း အမေရိကန်လေတပ်က ပြီးခဲ့သည့်သီတင်းပတ်က ထုတ်ပြန်ကြေငြာခဲ့သည်။

ပြုံယမ်းကမူ ယင်းသို့ပြုမူခြင်းသည် ဝါရှင်တန်နှင့်ဆိုးလ်တို့၏ ရန်လိုသောမူဝါဒများနှင့် ကျူးကျော်ရန်စလိုသော လုပ်ရပ်အဖြစ်ရှုံ့ချခဲ့သည်။

မကြာသေးမီကပြုလုပ်ခဲ့သော စစ်ရေးလေ့ကျင့်မှုများကို ကန့်ကွက်သည့်အနေဖြင့် မြောက်ကိုရီးယားကလည်း ဒုံးကျည်များပစ်လွှတ်ခြင်း၊လေကြောင်းလေ့ကျင့်မှုများပြုလုပ်ခြင်းနှင့် အမြောက်များဖြင့်ပင်လယ်ထဲသို့ပစ်လွှတ်ခြင်းများပြုလုပ်ခဲ့သည်။

သောကြာနေ့ကလည်း တောင်ကိုရီးယားတပ်ဖွဲ့ဝင်များသည် အမေရိကန်တပ်ဖွဲ့များနှင့်စစ်ရေးလေ့ကျင့်မှုအချို့ အပါအဝင် ၁၂ ရက်ကြာ Hoguk 22 လေ့ကျင့်မှုကိုလည်းအပြီးသတ်ခဲ့သည်။

Source : Reuters