ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ လုပ်ခ/လစာများ ပြည်တွင်းသို့ လွှဲပို့ခြင်းအတွက် အမေရိကန်တစ်ဒေါ်လာ အပေါ်တွင် ကျပ် ၃၀ အပိုဆောင်းငွေအဖြစ် ပံ့ပိုးမည်ဟု ဗဟိုဘဏ် ထုတ်ပြန်

ပြည်ပ​ရောက်မြန်မာနိုင်ငံသားများ၏ နိုင်ငံခြားသုံး​ငွေဖြင့် ရရှိသောလုပ်ခ/လစာများအား လိုင်စင်ရဘဏ်များမှ တစ်ဆင့် လွှဲပို့ခြင်းအတွက် အ​မေရိကန်တစ်​ဒေါ်လာ(ယင်းနှင့်ညီမျှ​သော နိုင်ငံခြား​ငွေ)အပေါ်တွင် ကျပ် ၃၀ နိုင်ငံ​တော်က အပို​ဆောင်း​ငွေအဖြစ် ပံ့ပိုးသွားမည်ဖြစ်​ကြောင် မြန်မာနိုင်ငံ​တော် ဗဟိုဘဏ်က ​အောက်တိုဘာ ၂၈ ရက် တွင် ထုတ်ပြန်ခဲ့ပါသည်။ နိုင်ငံ​တော်အတွက် နိုင်ငံခြား​ငွေများကို တစ်ဖက်တစ်လမ်းက ရှာ​​ဖွေ​ပေးလျက်ရှိသည့် ပြည်ပ​ရောက် မြန်မာနိုင်ငံသားများအား နိုင်ငံ​တော်က ချီး​​မြှောက်​သောအားဖြင့် ပြည်ပ​ရောက် မြန်မာနိုင်ငံသား များ၏ နိုင်ငံခြားသုံး​ငွေဖြင့်ရရှိ​သော လုပ်ခ/လစာ​ငွေများကို ပြည်ပမှ ပြည်တွင်းသို့ နိုင်ငံခြားသုံး​​ငွေ ​​ရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရဘဏ်များမှတစ်ဆင့် လွှဲပို့ခြင်းအတွက် အ​မေရိကန် တစ်ဒေါ်လာ (ယင်းနှင့်ညီမျှ​သော နိုင်ငံခြားငွေ) အ​ပေါ်တွင် ကျပ် ၃၀ အား နိုင်ငံ​တော်က အပို​ဆောင်း​ငွေအဖြစ် ပံ့ပိုးသွားမည်ဖြစ်​ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

ယင်းပံ့ပိုး​ငွေများကို ​ငွေထုတ်ယူသည့်​နေ့တွင် ချက်ခြင်းထည့်သွင်း​ပေးသွားမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ စ၍ အကျိုးသက်​ရောက်မည်ဖြစ်​ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။