တောင်ကိုရီးယားနဲ့ ပိုလန်က ကန်ဒေါ်လာ ၆ ဘီလီယံ နီးပါး လက်နက်ရောင်းဝယ်‌ရေး စာချုပ်ချုပ်

ရုရှားနဲ့ တင်းမာမှုတွေရှိနေချိန်မှာ လက်နက်တင်သွင်းတာတွေ တိုးမြှင့်ဖို့ ဝါဆော က သဘောတူညီခဲ့ပြီးနောက်မှာ တင့်ကားနဲ့ ဟောင်ဝစ်ဇာ အမြှောက်တွေ တင်ပို့ဖို့ ကန်ဒေါ်လာ ၅ ဒသမ ၇၆ သန်းတန်ဖိုးရှိတဲ့ စာချုပ်တစ်ရပ်ကို တောင်ကိုရီးယားကုမ္ပဏီနှစ်ခုက ပိုလန်နဲ့စာချုပ်ချုပ်လိုက်ပါတယ်။

ပိုလန်နိုင်ငံမှာ လက်မှတ်ထိုးခဲ့တဲ့စာချုပ်က တောင်ကိုရီးယားရဲ့ အကြီးဆုံးလက်နက်ရောင်းဝယ်ရေး သဘောတူညီမှု တစ်ရပ်ဖြစ်ပြီး ပိုလန်ကလည်း အိမ်နီးချင်း ယူကရိန်းနိုင်ငံကို ရုရှားကျူးကျော်မှုနဲ့ ရင်ဆိုင်နေရချိန်မှာ သူတို့ စစ်ဖက်ကို တောင့်တင်းအောင်လုပ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

Hyundai Rotem Co. (ဟွန်ဒိုင်းရိုတမ်ကုမ္ပဏီ) က K2 Black Panther (ဘလက်ပန်သာ) တင့်ကားတွေ ပေးပို့သွားမှာ ဖြစ်ပြီး (ဟန်ဟွားဒဖန့်စ်)  Hanwha Defense ကုမ္ပဏီက K9 အလိုအလျောက်စနစ် ဟောင်ဝစ်ဇာ အမြှောက်တွေကို ပိုလန်ကိုပို့ဆောင်သွားမှာဖြစ်တယ်လို့ ကာကွယ်ရေးပစ္စည်း ဝယ်ယူရေးဌာန(DAPA) ကပြောကြားပါတယ်။

လက်နက်ဝယ်ယူမှုတန်ဖိုးကို နှစ်နိုင်ငံစလုံးက မပြောပေမယ့် ဝမ်ငွေ ၂၀ ထရီလီယံ (ကန်ဒေါ်လာ ၁၅ ဘီလီယံ) လောက်ရှိနိုင်တယ်လို့ တောင်ကိုရီးယားမီဒီယာတွေက ခန့်မှန်းဖော်ပြကြပါတယ်။

မေလမှာ အာဏာရရှိလာခဲ့တဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုးလ် ကလည်း မြောက်ကိုရီးယားနိုင်ငံဆီက နျူးကလီးယားနဲ့ စစ်ရေး ခြိမ်းခြောက်မှုတွေ ရှိနေချိန်မှာ နိုင်ငံရဲ့ ကာကွယ်ရေးလုပ်ငန်းကို တိုးတက် ခိုင်မာအောင်လုပ်ရင်း ဒီမိုကရေစီနဲ့ ဈေးကွက်စီးပွားရေး ကို တန်ဖိုးထားတဲ့ ဥရောပနိုင်ငံတွေနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားဖို့ကို သံန္နိဌာန် ပြုထားပါတယ်။

-Ref: Reuters/gs