ထိုင်းနိုင်ငံ ထိန်းသိမ်းရေးစခန်းရှိ အိုက်ဂါလူမျိုး ၂၀ ဦး ထွက်ပြေး လွတ်မြောက်

ထိုင်းနိုင်ငံတွင်း ထိန်းသိမ်းခံထားရသည့် ဝီဂါတိုင်းရင်းသားအချို့

တရုတ်နိုင်ငံမှ မွတ်စလင်အိုက်ဂါလူမျိုး ၂၀ ဦးသည် ထိုင်း-မလေးရှား နယ်စပ်အနီး ထိန်းသိမ်းရေးစင်တာ တစ်ခု၏ နံရံများကို အပေါက်များ တူးဖောက်ကာ စောင်များကို လှေကားများအဖြစ် အသုံးပြု၍ ထွက်ပြေးသွား ကြောင်း ထိုင်းအရာရှိများက နိုဝင်ဘာ ၂၀ ရက်တွင် ပြောသည်။

၎င်းတို့ ၂၀ ဦးသည် ၂၀၁၄ က ထိန်းသိမ်းထားသော အိုက်ဂါ လူမျိုး ၂၀၀ ကျော်အနက်မှ လက်ကျန်အုပ်စု ဖြစ်သည်။
တူရကီနိုင်ငံသားများ ဖြစ်သည်ဟု ပြောဆိုထားသော ယင်းအုပ်စုဝင်များက တူရကီသို့ ပို့ပေးရန် တောင်းဆိုခဲ့ သော်လည်း ၂၀၁၅ က တရုတ်နိုင်ငံသို့ လူ ၁၀၀ ကျော် အတင်းအကျပ် ပြန်ပို့ခံခဲ့ရသည်။

 ဟန်တရုတ်လူမျိုးများနှင့် တူရကီစကားပြော အိုက်ဂါလူမျိုးများကြား အကြမ်းဖက်မှုများကြောင့် တရုတ်နိုင်ငံ အနောက်ဘက်စွန်း စင်ကျန်းဒေသ၌ မကြာမီနှစ်များက အိုက်ဂါလူမျိုး ရာနှင့် ချီ သေဆုံးခဲ့သည်။ အိုက်ဂါလူမျိုး ရာနှင့်ချီ၍ အာရှမှတစ်ဆင့် တူရကီသို့ ထွက်ပြေးသွားသည်။

အိုက်ဂါလူမျိုး ၂၅ ဦးသည် ထိန်းသိမ်းရေးစခန်းမှ ထွက်ပြေးခဲ့ပြီး ငါးဦးကို ပြန်လည်ဖမ်းမိခဲ့ သော်လည်း ၂၀ ဦး ထွက်ပြေး လွတ်မြောက်သွားသည်ဟု ထိုင်း လူဝင်မှုကြီးကြပ်ရေး အရာရှိများ က ပြောသည်။

စင်ကျန်းဒေသ၌ ဖြစ်ပွားသော မငြိမ်သက်မှုအများစုသည် ခွဲထွက်ရေးအစ္စလာမ်မစ်စစ်သွေးကြွများကြောင့် ဖြစ်သည်ဟု တရုတ်နိုင်ငံက ပြောသည်။

—Ref: Reuters