မိုးမိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ မိသားစု ဘုရားပင့်ဆောင် ကျောင်းရေစက်ချလှူဒါန်း

 

မိုးမိတ် ဖေဖော်ဝါရီ ၁၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးမြင့်နှင့်ဇနီး ဒေါ်ခင်မြင့်အေးတို့ လှူဒါန်းသည့် မိုးမိတ်မြို့နယ် လက်ခုတ်ပင်ကျေးရွာအုပ်စု ရေပူအင်းကျေးရွာ၌ ပြုလုပ်သည့် ကျောင်းဆောင်သစ်ရေစက်ချပွဲနှင့် ဘုရားပင့်ဆောင်ပွဲကို ယမန်နေ့ နံနက် ပိုင်းကပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါလှူဒါန်းပွဲတွင် မိုးမိတ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များ၊ မိုးမိတ်မြို့နယ်ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင်များ၊ လက်ခုတ်ပင်ကျေးရွာနှင့် ရေပူအင်းကျေးရွာတို့မှ ကျေးရွာသူကျေးရွာသားများ စည်ကားသိုက်မြိုက်စွာ ပါဝင်ကုသိုလ်ယူခဲ့ကြကြောင်း သိရသည်။

ပုသိမ်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ မြို့နယ်ပါတီဝင်များနှင့်တွေ့ဆုံ

 

ငပုတော ဖေဖော်ဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီးပုသိမ်ခရိုင် ငပုတောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ယမန်နေ့ နံနက် ၉နာရီခွဲက ပုသိမ်ခရိုင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးကျော်ကျော်၊ ပုသိမ်ခရိုင်ပါတီ ကော်မတီဝင် နယ်မြေတာဝန်ခံဦးအောင် မြင့်သိန်း၊ ငပုတောမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးသိန်းဝင်းနှင့် မြို့နယ် ပါတီကော်မတီဝင်များ တွေ့ဆုံ၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကိုကျင်းပခဲ့သည်၊၊

ချမ်းအေးသာစံမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ဈေးနှုန်းချိုသာစွာဖြင့် ဆန်များရောင်းချပေး

 

မန္တလေး ဖေဖော်ဝါရီ ၁၃

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ဒေးဝန်းအနောက်ရပ်ကွက် ၉ဝx၉၁ ကြား၊ ၃၁x၃၂ ကြားရှိ ပြည်သူများ အား ယမန်နေ့နံနက် ၉ နာရီ မှ မွန်းတည့် ၁၂ နာရီအထိ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ၏ သတ္တမအကြိမ်ဆန်ရောင်း ချမှုအဖြစ် ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့သည်။

ဝေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျေးရွာပါတီကော်မတီဝင်များ ရေနွေးကြမ်း စကားဝိုင်းဖွဲ့ဆွေးနွေး

 

ဝေါ ဖေဖော်ဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးမောင်ယု၊ အတွင်းရေးမှူး ဦးသက်တိုးဝင်း၊ မြို့နယ်ကော်မတီဝင် ဦးသောင်ထွန်းနှင့် ကော်မတီဝင်များသည် ။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူးဒေါက်တာကျော်ကျော်ဌေး(၇၂)နှစ်မြောက်ပြည်ထောင်စုနေ့ ညစာစားပွဲအခမ်းအနားတက်ရောက်

 

နေပြည်တော် ဖေဖော်ဝါရီ ၁၂

(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ယမန်နေ့ ညနေ ၆ နာရီက နေပြည်တော်ရှိ မြို့နယ်ခန်းမ ဥပစာရင်ပြင်၌ ကျင်းပခဲ့ကြောင်းသိရသည်။ အဆိုပါဂုဏ်ပြုညစာစားပွဲအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဒေါက်တာ ကျော်ကျော်ဌေးနှင့်အဖွဲ့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယနေ့နံနက်ပိုင်းကလည်း (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် နိုင်ငံတော်အလံအလေးပြုပွဲအခမ်းအနားကို နေပြည်တော် မြို့တော်ခန်းမဝင်းအတွင်းကျင်းပခဲ့ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

(၇၂)နှစ်မြောက်ပြည်ထောင်စုနေ့သဝဏ်လွှာ


ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်စည်ပင်သာယာရပ်ကွက် ဘုန်းတော်ကြီးကျောင်းအတွင်းရှိ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်းသန့်ရှင်းရေး လုပ်အားဒါန သွားရောက်ဆောင်ရွက်ခြင်း

 

ဒီးမော့ဆို – ၁၃-၂-၂၀၁၉

ယနေ့ (၁၃-၂-၂၀၁၉)ရက်နေ့ နေ့လည် (၁၂း၀၀)နာရီမှ (၁း၀၀)နာရီ အချိန်အထိကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် စည်ပင်သာယာရပ်ကွက် နှစ်ခြင်းခရစ်ယာန်ဘုရား ကျောင်းဝင်းအတွင်း
ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီနှင့် ဒီးမောဆိုမြို့နယ်အတွင်းရှိပါတီဝင် လူငယ်များ လူငယ်ရေးရာလှုပ်ရှားမှုဒု-တာဝန်ခံနှင့် အဖွဲ့ဝင်များ ပြည်နယ်လူငယ်ရေးရာတာဝန်ခံများ သန့်ရှင်း ရေး လုပ်အားဒါန သွားရောက်ဆောင်ရွက်ကြပါသည်။

ဘုတလင်​ မြို့ ​နယ်​ ​အောင်ချမ်းသာ​​ကျေးရွာ ပြည်​ခိုင်​ဖြိုး ပါတီ ဆိုင်းဘုတ်​တင်

 

ဘုတလင်​ ။ ၁၂.၂.၂၀၁၉

စစ်​ကိုင်းတိုင်း ​ဒေသကြီး မုံရွာ ခရိုင်​ ဘုတလင်​ မြို့ ​​​​​နယ်​ ​အောင်ချမ်း​​ကျေးရွာအုပ်​စု ​အောင်ချမ်းသာ​​ကျေးရွာ ​ဦး​​မင်း​ဇော်​​အောင်​​၏ ​နေအိမ်​ခြံဝင်းအတွင်းတွင်​ ​ယ​မန်နေ့ နံနက်​ (၁၁:၃၀) နာရီတွင်​ ပြည်​ခိုင်​ဖြိုး ပါတီ ဆိုင်းဘုတ်​ တင်​ပွဲ အခမ်းအနား ပြုလုပ်​ခဲ့ပါသည်​။

တန့်ဆည် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဆိုင်းဘုတ်တင်ပွဲ ကျင်းပ

 

ဖေဖော်ဝါရီ ၁၂ ရက် ၂၀၁၉

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် တန့်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီဆိုင်းဘုတ်တင်ပွဲအား တန့်ဆည်မြို့နယ် ဝရငယ်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆိုင်းဘုတ်တင်ပွဲသို့ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဒေါက်တာကျော်ကျော်ဦး နှင့် မြို့နယ်ပါတီကော်မတီဝင်များဖြစ်ကြသော ဦးကြီးညို ဦးထွန်းတင် ဦးသန့်စင်ဝင်း ဒေါ်နှင်းစုလှိုင်တို့ တက်ရောက်ကြ၍ ကျေးရွာရပ်မိရပ်ဖများနှင့်နိုင်ငံရေး စီးပွားရေး လူမှုရေးများ ဆွေးနွေးနှီးနှောဖလှယ်ကြပြီးပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့သည်။

ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဖလား စားပွဲတင်တင်းနစ်တံခွန်စိုက်ဖိတ်ခေါ်ပြိုင်ပွဲကျင်းပ

 

အိမ်မဲ ဖေဖော်ဝါရီ ၁၂

ဧရာဝတီတိုင်းဒေသကြီး မြောင်း မြခရိုင်အိမ်မဲမြို့ရန်မျိုးအောင်ခန်းမ ၌ အိမ်မဲမြို့နယ်ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီနှင့် EINME Youth Table TENNIS CLUB တို့ ပူးပေါင်းကျင်းပသည့် (၇၂)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဖလား စားပွဲတင်တင်းနစ် ပြိုင်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉နာရီကကျင်းပခဲ့ကြောင်းသိရသည်။