ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်စည်ပင်သာယာရပ်ကွက် ဘုန်းတော်ကြီးကျောင်းအတွင်းရှိ နှစ်ခြင်းခရစ်ယာန် ဘုရားကျောင်းဝင်းသန့်ရှင်းရေး လုပ်အားဒါန သွားရောက်ဆောင်ရွက်ခြင်း

 

ဒီးမော့ဆို – ၁၃-၂-၂၀၁၉

ယနေ့ (၁၃-၂-၂၀၁၉)ရက်နေ့ နေ့လည် (၁၂း၀၀)နာရီမှ (၁း၀၀)နာရီ အချိန်အထိကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် စည်ပင်သာယာရပ်ကွက် နှစ်ခြင်းခရစ်ယာန်ဘုရား ကျောင်းဝင်းအတွင်း
ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီနှင့် ဒီးမောဆိုမြို့နယ်အတွင်းရှိပါတီဝင် လူငယ်များ လူငယ်ရေးရာလှုပ်ရှားမှုဒု-တာဝန်ခံနှင့် အဖွဲ့ဝင်များ ပြည်နယ်လူငယ်ရေးရာတာဝန်ခံများ သန့်ရှင်း ရေး လုပ်အားဒါန သွားရောက်ဆောင်ရွက်ကြပါသည်။

ယင်းသို့သွားရောက်ရာတွင် ကယားပြည်နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်နယ်ကော်မတီဝင်များ ဖြစ်ကြသော ဦးအောင်နိုင်ဦး (ပြည်နယ်လူငယ်ရေးရာ တာဝန်ခံ) ဒေါ်နန်းယဉ်သီတာထွေး (ပြည်နယ်လူငယ် ရေးရာ ဒု-တာဝန်ခံ) ပြည်နယ်ကော်မတီဝင် ဦးတင်ဦး ဦးရဲဝင်း ဦးကျော်သင်း ဒေါ်ဗျားမြာမောင် ဦးအောင်ကျော်မြင့် (ပြည်နယ်လူငယ် ရေးရာလှုပ်ရှားမှု ဒု – တာဝန်ခံ) ဒီးမောဆိုမြို့နယ် ဥက္ကဌ ဒေါ်မေရီယန်နှင့် မြို့နယ်ကော်မတီဝင်များ ဒီးမောဆိုမြို့နယ် လူငယ်ပါတီဝင်များ စုစုပေါင်း အင်အား (၈၅)ဦးခန့် သွားရောက်ကြောင်း သတင်းရရှိသည်။

ထာဝရ မြေချစ်သူ