ဘုတလင်မြို့ ခုံမင်းကြီးရပ်ကွက် ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်

 

ဘုတလင် ဖေဖော်ဝါရီ ၅

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ဘုတလင်မြို့ ခုံမင်းကြီး ရပ်ကွက် ဦးကျော်နိုင်ဝင်း၏နေအိမ် ခြံဝင်းအတွင်း၌ ယမန်နေ့နံနက် ၁၁နာရီခွဲတွင် ပြည်ခိုင်ဖြိုးပါတီ ဆိုင်းဘုတ်တင်ပွဲအခမ်းအနား ပြု လုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မုံရွာခရိုင် ပါတီကော်မတီဝင် ဦးစိန်ဝင်း လှိုင်၊ ဘုတလင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဝင်းလှိုင်၊ အတွင်း ရေးမှူးဦးသက်နိုင်ဦး၊ အမျိုးသမီးရေးရာတာဝန်ခံဒေါ်ခိုင်ညိမ်းသူ၊ မြို့နယ်ကော်မတီဝင်များနှင့် ကျေးရွာပြည်ခိုင်ဖြိုးပါတီ ဝင်များတက် ရောက်ခဲ့ကြောင်း သိရသည်။

လှိုင်သာယာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူများသို့ ဆန်နှင့် ဆီများ ဈေးနှုန်းချိုသာစွာ ရောင်းချ

 

ရန်ကုန် ဖေဖော်ဝါရီလ ၅

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် လှိုင်သာယာမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးဆောင်၍ ယမန်နေ့ နံနက်၇နာရီမှ စ၍ ကျုံစုကျေးရွာတွင် ဆန်နှင့်ဆီများကို အထူးလျှော့ဈေးနှုန်းဖြင့် ပြည်သူ များလက်ဝယ်သို့အရောက် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။မြို့နယ်ပြည်ခိုင်ဖြိုးပါတီအနေဖြင့် လှိုင် သာယာမြို့နယ် အတွင်းရှိ ရပ်ကွက်ပေါင်း (၂ဝ)၊ ကျေးရွာအုပ်စုကိုးအုပ်စုတို့အား ရွေ့ လျားအစီအစဉ်ဖြင့် အလှည့်ကျရောင်းချ ပေးခဲ့ပြီး ပြည်သူများ၏စားဝတ်နေရေး ကျပ်တည်းမှုများကို တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ဖြစ်စေရန်အတွက် ဆန်နှင့် ဆီများကို ရပ်ကွက် ကျေးရွာများသို့ အရောက်သွားကာ တစ်လမ်းဝင်တစ်လမ်း ထွက် ရောင်းချလျက်ရှိသည်။

ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်ဦးဝဏ္ဏမာင်လွင် လက်ဖက်ရည်ကြမ်းစကားဝိုင်းသို့ တက်ရောက်ဆွေးနွေး

 

စဥ့်ကိုင် ဖေဖော်ဝါရီ ၅

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည် ခရိုင် စဥ့်ကိုင်မြို့နယ် သင်္ဂတုံကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီမှလက်ဖက်ရည်ကြမ်းစကား ဝိုင်းကို ယမန်နေ့နံနက် ၁ဝ နာရီမှ ၁၁ နာရီခွဲ အထိကျင်းပခဲ့ရာပါတီဗဟိုအလုပ်အမှုဆောင် မန္တလေးတိုင်းဒေသကြီးတာဝန်ခံ ဦးဝဏ္ဏ မောင်လွင်တက်ရောက်၍ ပါတီဝင်များနှင့် ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ ဆုံ ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ပုသိမ်ခရိုင် မြို့နယ်ခုနစ်မြို့နယ်နှင့်တွေ့ဆုံပွဲပြုလုပ်

 

ပုသိမ် ဖေဖော်ဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁ဝ နာရီတွင် ပုသိမ်ခရိုင် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ခန်းမ၌ တွေ့ဆုံခဲ့ကြောင်းသိရသည်။

ပါတီဗဟိုအတွင်းရေးမှူးဦးသန်းထွန်း မြောင်းမြနှင့် လပွတ္တာခရိုင်များမှ ခရိုင် မြို့နယ်ဥက္ကဋ္ဌ အတွင်းရေးမှူးများ ကော်မတီဝင်များနှင့်တွေ့ဆုံ

 

လပွတ္တာ ဖေဖော်ဝါရီ ၅

ဧရာဝတီတိုင်းဒေသကြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြောင်းမြခရိုင် ခရိုင်ပါတီရုံးအစည်းအဝေးခန်းမ၌ပါတီဗဟို အတွင်းရေးမှူးဦးသန်းထွန်း၊ဗဟိုအလုပ်အမှု ဆောင်တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးဥာဏ်လင်း၊ တိုင်းဒေသကြီးအတွင်းရေးမှူး ဦးဝင်းကိုကို နှင့်တိုင်းကော်မတီဝင်များသည် မြောင်းမြ ခရိုင်နှင့် လပွတ္တာခရိုင်များမှ ခရိုင်၊ မြို့နယ် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများ၊ ကော်မတီဝင် များနှင့် ယမန်နေ့နံနက် ၉နာရီတွင် တွေ့ဆုံ ခဲ့သည်။

ရှမ်းရှေ့ပြည်ခိုင်ဖြိုးပါတီမှ ကျောင်းအုတ်တံတိုင်းဆောက်လုပ်ရန်အတွက် အလှူငွေ ပေးအပ်လှူဒါန်း

 

ယမန်နေ့ (၄.၂.၂၀၁၉) ရက်နေ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်/မိုင်းဆတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ်/ ပြည်နယ်ပါတီဥက္ကဌ ဦးစိုင်းသန်းဝင်း| ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်/မြို့နယ်ပါတီဥက္ကဌ ဦးဒါဝိဒ်နှင့် ခရိုင်ကော်မတီဝင်| မြို့နယ်အတွင်းaရးမှူး ဦးစိုင်းမိုးဇော်ဦး တို့မှ မယ်နင်အုပ်စု ကာနကျေးရွာ| ကာန ကျောင်းတွင် အုတ်တံတိုင်းများဆောက်လုပ်ရန်အတွက် ပြည်ခိုင်ဖြိုးပါတီမှ အလှူငွေ သွားရောက်လှူဒါန်းခဲ့သည်။

ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ

ရှမ်းရှေ့ ပြည်ခိုင်ဖြိုးပါတီမှ ပါတီဝင်များနှင့် ကွင်းဆင်းတွေ့ဆုံခြင်း

 

ယမန်နေ့ (၄-၂-၂၀၁၉ )ရက်နေ့ တွင်ရှမ်းပြည်နယ် (အရှေ့ပိုင်း)ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ တာချီလိတ် ခရိုင်ပါတီ ဥက္ကဌ ဦးဘိုစံ ၊မြို့နယ်ပါတီဥက္ကဌ ဦးစိုင်းရွှေထွန်း တို့သည် မြို့နယ်ကော်မတီဝင်များဖြစ်သည့် ဦးအောင်ထန်(တာလေမြို့နယ်စည်းရုံးရေးတာဝန်ခံ)ဦးစိုးကျော်အောင်၊ ဦးအောင်နိုင် နှင့်ပါတီရုံးဝန်ထမ်းအဖွဲ့များသည် တာလေမြို့နယ်သို့ ကွင်းဆင်းသွားရောက်ပြီး အောင်ပါအတိုင်း ပါတီဝင်များဖြင့် ကွင်းဆင်းတွေ့ဆုံခြင်းများ ဆောင်ရွက်ခဲ့ကြပါသည် ။

ရွှေရတနာကျောင်းဆောင်သစ် ပေးအပ်လှူဒါန်းခြင်းနှင့် ဖွင့်ပွဲကျင်းပ

 

ရန်ကုန် ဖေဖော်ဝါရီ ၎

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် သုခိတာရာမပရိ ယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော်ဘဒ္ဒန္တမာဃိန္ဒ ဆောက် လုပ်လှူဒါန်းသော ရွှေရတနာကျောင်းဆောင်သစ် ပေးအပ်လှူဒါန်း ခြင်းနှင့် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက သံတွဲမြို့ နယ် ရွှေကျောင်းပြင်ကျေးရွာတွင် ကျင်းပခဲ့သည်။

ကနီမြို့နယ်ဆေးရုံ၌ဆေးကုသမှုခံယူနေသည့် မြို့နယ်ပါတီကော်မတီဝင်၏ဇနီးအား ထောက်ပံ့ငွေများပေးအပ်

 

ကနီ ဖေဖော်ဝါရီ ၎

စစ်ကိုင်းတိုင်းဒေသကြီး ယင်း မာပင်ခရိုင် ကနီမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဝင်များသည် ယမန်နေ့က မြို့နယ် ပြည်သူ့ဆေးရုံ၌ ယင်းယိမ်ကျေးရွာ မှဆေးကုသမှုခံယူနေသော မြို့နယ် ပါတီကော်မတီဝင်၏ ဇနီးထံသို့ သွားရောက်၍ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

မိတ္ထီလာမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လှိုင်းဘွဲ့ကျေးရွာအုပ်စု ပါတီဆိုင်းဘုတ်တင် ရေနွေးကြမ်းစကားဝိုင်းကျင်းပ

 

မိတ္ထီလာ ဖေဖော်ဝါရီ ၎

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာ မြို့နယ် လှည်းဘွဲ့အုပ်စု လှည်းဘွဲ့ကျေးရွာ တွင် ယမန်နေ့ နံနက် ၁ဝ နာရီကစတင်၍ ဆိုင်းဘုတ်တင်ခြင်းအခမ်းအနားကို ကျင်းပ သည်။