ဝေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကျေးရွာပါတီကော်မတီဝင်များ ရေနွေးကြမ်း စကားဝိုင်းဖွဲ့ဆွေးနွေး

 

ဝေါ ဖေဖော်ဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့ နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးမောင်ယု၊ အတွင်းရေးမှူး ဦးသက်တိုးဝင်း၊ မြို့နယ်ကော်မတီဝင် ဦးသောင်ထွန်းနှင့် ကော်မတီဝင်များသည် ။

ယမန်နေ့ နံနက်၁ဝနာရီက ဝေါမြို့နယ် ဝိုင်း ပတ်ကျေးရွာတွင် ကျေးရွာအုပ်စု အထက် ဝိုင်းပတ်၊ အောက်ဝိုင်းပတ်၊ ကျွန်းစုကျေး ရွာတို့မှ ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ပြည်သူများနှင့် ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ဆွေးနွေးခြင်းကို ဝိုင်းပတ်ကျေးရွာ ပါတီဥက္ကဋ္ဌဦးဝင်းရီ၏နေအိမ်တွင်ဆွေးနွေး စကားဝိုင်းပြုလုပ်ခဲ့ကြပြီးနောက် မွန်းလွဲ ၂ နာရီတွင်ဒလနွမ်းကျေးရွာအုပ်စုအတွင်း ရှိ ပန်းညိုစု၊ အညာစုပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များတွေ့ဆုံ၍ ရေနွေးကြမ်း စကားဝိုင်းဆွေးနွေးပွဲကို ဒလနွမ်း ကျေးရွာ ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးမြလွင်၏နေအိမ် တွင်ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါရေနွေးကြမ်း စကားဝိုင်းတွင် ဝေါမြို့နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးမောင် ယုက မိတ်ဆက်စကားပြောကြားပြီး ယခု ဖြစ်ပေါ်နေသော နိုင်ငံရေး၊ စီးပွားရေး၊လူမှု ရေးအခြေအနေများအား ရှင်းလင်းဆွေးနွေး ကာ ရွေးကောက်ပွဲတွင် ပါတီအောင်နိုင် ရေးအတွက် လူမှုရေးလုပ်ငန်းများတွင် ဆက်လက်ကြိုးပမ်းဆောင်ရွက်ကြရန်ဆွေး နွေးခဲ့သည်။ ထို့နောက်အတွင်းရေးမှူး ဦးသက်တိုးဝင်းက အောက်ခြေပါတီဝင် အဆင့်ဆင့်ကျစ်လျစ်ခိုင်မာစွာ ဖွဲ့စည်းရာ တွင်လူငယ်မောင်မယ်များ အင်အားတောင့် တင်းရေးနှင့် မိမိတို့ပါတီလူငယ်မျိုးဆက် သစ်များကို အဆင့်ဆင့်တာဝန်ပေးအပ်ရန် ဆွေးနွေးသည်။ ယင်းနောက် မြို့နယ်ကော် မတီဝင်ဦးသောင်ထွန်းနှင့်အဖွဲ့က ပါတီဝင် စိစစ်ခြင်းနှင့် ရပ်ကျေးပါတီဝင်များ၏ သိရှိ လိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အောင်မြတ်လင်း(ဝေါ)