ပုသိမ်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ မြို့နယ်ပါတီဝင်များနှင့်တွေ့ဆုံ

 

ငပုတော ဖေဖော်ဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီးပုသိမ်ခရိုင် ငပုတောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီရုံးတွင် ယမန်နေ့ နံနက် ၉နာရီခွဲက ပုသိမ်ခရိုင်ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးကျော်ကျော်၊ ပုသိမ်ခရိုင်ပါတီ ကော်မတီဝင် နယ်မြေတာဝန်ခံဦးအောင် မြင့်သိန်း၊ ငပုတောမြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးသိန်းဝင်းနှင့် မြို့နယ် ပါတီကော်မတီဝင်များ တွေ့ဆုံ၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကိုကျင်းပခဲ့သည်၊၊

အဆိုပါ ညှိနှိုင်းအစည်းအဝေးတွင် ပါတီ၏ရှေ့လုပ်ငန်းစဉ်များကို ခရိုင်ပါတီ ဥက္ကဋ္ဌက ရှင်းလင်းပြောကြားပြီး ခရိုင် နယ်မြေတာဝန်ခံမှ နယ်မြေကွင်းဆင်းမည့် အစီအစဉ်များကို ပြောကြားပြီး မြို့နယ် အတွင်းရေးမှူးနှင့်တက်ရောက်လာသော ပါတီကော်မတီဝင်များက ဆွေးနွေးခဲ့ ကြောင်း သိရသည်၊၊

ကျော်သူရဦး