တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သံဃာတော်များအား ဝါဆိုသင်္ကန်းကပ်လှူ

 

တနင်္သာရီတိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ထားဝယ် မြို့ တိုင်းဒေသကြီးပါတီရုံးအစည်း အဝေးခန်းမတွင် ယနေ့နံနက် ၅ နာရီခွဲ၌ ကျင်းပသည်။
ရှေးဦးစွာ ဆရာတော် သံဃာတော် ၁ဝ ပါးတို့အား ဆွမ်းဆက်ကပ်ပြီးနောက် ဆရာတော်ထံမှ ငါးပါးသီလဆောက်တည်ကြခြင်း၊ သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များ    ရွတ်ဆိုခြင်း၊ တက်ရောက်လာသူများက ဝါဆို သင်္ကန်းနှင့် ဒါတဗ္ဗဝတ္ထုများ ဆက် ကပ်လှူဒါန်းခြင်းနှင့်ဆရာတော်က ရေစက်ချတရားဟောကြားခဲ့သည်။

မြိတ်မြို့နယ် ၊ပြည်ခိုင်ဖြိုးပါတီက ဗုဒ္ဓဘာသာယဉ် ကျေးမှုဓမ္မစကူး သင်တန်းသူ/သား (၄၅၀)ကို အဟာရ တိုက်ကျွေးလှူဒါန်း

 

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကဦးဆောင်စီစဉ်မှုဖြင့် ဗုဒ္ဓဘာသာယဉ်ကျေးမှု သင်တန်းသူ/သားများအဟာရတိုက်ကျွေးခြင်းကိုမြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးမိုးမြင့်၊ အတွင်းရေးမှူး ဦးကိုကိုကြီး၊ ဘဏ္ဍာ​ရေးမှူး ဒေါ်နီလာမြင့်နှင့် ကော်မတီဝင်များ ၊ရပ်ကွက် ကျေးရွာအုပ်စု ပါတီစည်း/မှုးများနှင့်ပါတီဝင်များက ၂၀၁၇ ​စက်တင်ဘာလ(၁၇)ရက်နေ့လည်ပိုင်းတွင် မဇော- ပြင်ကြီးကျေးရွာ သာသနာ့အလင်းရောင် ကျောင်းတိုက်သို့ သွားရောက်ကျွေးမွေးလှူဒါန်းခြင်း တို့ကိုဆောင်ရွက်ခဲ့ကြသည်။

မြိတ်မြို့နယ်၊ ဒေသအကျိုး ပြည်ခိုင်ဖြိုးမှ ကွင်းဆင်း ဆောင်ရွက်

 

တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဌ ဦးမိုးမြင့် နှင့်မြို့နယ်ပါတီကော်မတီဝင်
များလိုက်ပါသောအဖွဲ့သည် မေလ ၁၇ရက် ၊ နေ့လည်ပိုင်းတွင် မြိတ်မြို့ မြိတ်တောင်ကျေးရွာအုပ်စု ရွှေပြည်တန်ရပ်ကွက် သဒ္ဓမ္မဗိမာန်​​ကျောင်းတိုက်​သို့ ရောက်ရှိကြပြီး ကျောင်းတိုက်ဆရာတော်နှင့်တွေ့ဆုံ၍ ဩဝါဒ ခံယူခဲ့ကြသည်။

မြိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်

 

မြိတ်မြို့YBA ဗုဒ္ဓဘာသာလူငယ်များ အသင်းမှ
ကြီးမှူးကျင်းပလျက်ရှိသည့် (၇၃)ကြိမ်မြောက်
ကဆုန်ညောင်ရေ သွန်းလောင်းပူဇော်ပွဲ ကြီးတွင်
မေလ (၈)ရက်နေ့ညနေ၃းဝဝအချိန်တွင်
မြိတ်မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှရပ်ကွက်/ကျေးရွာအသီးသီးကပါတီဝင်
လူငယ်မောင်မယ်စုပေါင်း၍ ကုသိုလ်ဖြစ်ပါဝင်အား ဖြည့်ကြကာ ပွဲတော်သို့ဘုရားဖူးလာရောက်ကြသည့် ဧည့်သည်များ အားမှုန့်တီလှော်၊ဖျော်ရည် စသော စတုဒီသာများဖြင့်လှူဒါန်းဧည့်ခံကျွေးမွေးခဲ့ကြသည်။
ထို့နောက်မြိတ်မြို့နယ်
ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး၊ ဦးကိုကိုကြီးနှင့် ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာများက စည်းရုံးရေးမှူးများနှင့်ပါတီိဝင်လူငယ်မောင်မယ်များက ဒီပင်္ကရာမြတ်စွာဘုရားပူဇော်ခံရာယာယီစံကျောင်းရှိ ဗုဒ္ဓရုပ်ပွားတော်အားကဆုန်ညောင်ရေ များသပ္ပါယ် သွန်းလောင်း ပူဇော်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ကွန်ပျူတာ| မိုဘိုင်းဖုန်း အခမဲ့သင်တန်းဖွင့်ပွဲအခမ်းအနားမောတောင်မြို့

 

၂၀၁၇ခုနှစ် ဧပြီ ၀၇း ၃၅အချိန်တွင် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် မောတောင်မြို့ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီရုံး၌ မောတောင်မြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးဖွင့်လှစ်သော ကွန်ပျူတာ၊ မိုဘိုင်းဖုန်းအခမဲ့သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပြုခဲ့ကြောင်းသိရှိရပါသည်။

နိုင်ငံရေးစီမံခန့်ခွဲမှုနည်းပြဆင့်ပွားသင်တန်းဆင်းပွဲကျင်းပ

 

ထားဝယ်ခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ကြီးမှူးဖွင့်လှစ်သော နိုင်ငံရေးစီမံ ခန့်ခွဲမှုနည်းပြ ဆင့်ပွားသင်တန်း (၁/၂ဝ၁၇)သင်တန်းဆင်းပွဲ အခမ်း အနားကို တနင်္သာရီတိုင်းဒေသ ကြီး ထားဝယ်မြို့ ပြည်ခိုင်ဖြိုးပါတီ ရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃နာရီခွဲကကျင်းပခဲ့သည်။
အခမ်းအနားတွင် ပါတီဗဟို ကော်မတီဝင် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးနေမျိုးက သင်တန်းဆင်းဂုဏ်ပြု အမှာစကားပြောကြားပြီး သင် တန်းဆင်းလက်မှတ်များကို ခရိုင် ပါတီအတွင်းရေးမှူး ဦးထိန်ဝင်း ကသင်တန်းသူတစ်ဦးအားစုပေါင်း ပေးအပ်သည်။ ထို့နောက် အမှတ် တရစုပေါင်းဓာတ်ပုံရိုက်ကာ သင် တန်းဆင်းပွဲအခမ်းအနားကို အောင် မြင်စွာ ရုပ်သိမ်းလိုက်သည်။
ထိုသင်တန်းကို သုံးရက်ကြာ ဖွင့်လှစ်ပို့ချခဲ့ပြီး သင်တန်းသား သင်တန်းသူ ၅၁ ဦးတက်ရောက် ခဲ့ကြသည်။

နိုင်ငံရေးစီမံခန့်ခွဲမှု နည်းပြဆင့်ပွားသင်တန်း ထားဝယ်တွင်ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကကြီးမှူး၍ နိုင်ငံရေး စီမံခန့်ခွဲမှု နည်းပြဆင့်ပွားသင်တန်းအမှတ်စဉ် (၁/ ၂ဝ၁၇) ကို ယမန်နေ့ နံနက် ၈ နာရီခွဲတွင် ထားဝယ်မြို့ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ အရန်ပါတီ ဗဟိုကော်မတီဝင် တိုင်း ဒေသကြီးပတီ အတွင်းရေးမှူး ဦးနေမျိုးက အဖွင့်အမှာ စကားပြောကြားခဲ့သည်။

(more…)


တနင်္သာရီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၌ လိုအပ်သည်များကိုဖြည့်ဆည်းပေး

 

ဗဟိုကော်မတီဝင် တနင်္သာရီ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌဦးချစ်သန်း(တောင်ဒဂုံ ဆီ အုန်းစိုက်ပျိုးရေးစီမံကိန်း)သည် ယမန်နေ့ နံက် ၁ဝနာရီမှစ၍ မိမိ၏ စီမံကိန်းဒေသအတွင်း နယ်စပ်ဒေ သဖြစ်သည့် ဘုတ်ပြင်းမြို့နယ်၌ အရှည်(၁၁)မိုင်ရေငံကြီးကျေးရွာ နှင့် ဝါးတင်းကျေးရွာချင်းဆက် လမ်းပိုင်းကိုမြေသားလမ်းအဖြစ် ဖောက်လုပ်နေမှုအပေါ် သုံးစွဲနိုင်ရန် စက်သုံးဆီဂါလန် ၂၅ဝကို လှူ ဒါန်းကာရေငံကြီးကျေးရွာ ဘုန်း တော်ကြီးကျောင်းထိုင်ဆရာတော် အား ဥက္ကဋ္ဌကြီးကသွားရောက်၍ လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌရတနာအုတ်မြစ်တော်စီမင်္ဂလာ အခမ်းအနားသို့တက်ရောက်ချီးမြှင့်

 

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့ ဆုထူးပန်တပ်ဦးကျောင်း ရတနာဂီရိကုန်းတော်ပေါ်၌ တည်ထားကိုး ကွယ်သည့်”ဖွား-ပွင့်-ဟော-စံဆုထူးပန်စေတီတော်မြတ်ကြီးအား ယခုလ ၁၂ ရက် နံနက်ပိုင်း၌ကျင်းပသော စေတီတော်ကြီး၏ အုတ် မြစ်တော်စီမင်္ဂလာအခမ်းအနားသို့ ဗဟိုကော်မတီဝင် တနင်္သာရီတိုင်း ဒေသကြီးပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌဦးချစ်သန်းတက်ရောက်ချီးမြှင့်ကာ ဆရာတော် သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရူပ(ကော့သောင်း)