မြိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ကွယ်လွန်သူကျေးရွာ​ပါတီဝင်၁ဦးအတွက်အလှူငွေနှင့်ပစ္စည်းများသွား ရောက်ထောက်ပံ့ကူညီဆောင်ရွက်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဗဟိုကော်မတီ ဝင် ၊မြိတ်မြို့နယ်ပါတီဥက္ကဌ ဦးမိုးမြင့်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များအဖွဲ့သည်၉.၃.၂၀၁၇ရက်နေ့လည်ပိုင်းတွင်ရပ်ကွက်နှင့်ကျေးရွာများမှပါတီစည်းရုံးရေးမှူးများနှင့် ပါတီဝင်များလိုက်ပါ လျက် ​(၇.၃.၂၀၀၇)ရက်​တွင်​ကွယ်​လွန်​သွားသော မြိတ်မြို့နယ်၊နန်းတော်ရာကျေးရွာအုပ်စု၊အမာခံပါတီ တွဲ-စည်းရုံးရေးမှူးဦးအောင်သန်း၊အသက် ၃၈နှစ်၊၏နာရေးအသုဘပို့ဆောင်ရာ နန်းတော်ရာကျေး ရွာသို့ရောက်ရှိပြီးကွယ်လွန်သူပါတီဝင်၏မိသားစုဝင်များ နှင့်တွေ့ဆုံကာနာရေးကူညီမှုအလှူငွေနှင့်အထောက်
အပံ့ပစ္စည်းများကိုသွားရောက်ကူညီလှူဒါန်းပေးအပ်ခဲ့ ကြောင်းသိရသည်။

Kyaw Linn


မြိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီက စလွန်း-မင်းသန်း ကျေးရွာချင်းဆက် တံတားဆောက်လုပ်နိုင်ရေးအတွက် ငွေကျပ်(၁)သိန်း ထည့်ဝင်လှူဒါန်း

 

တနင်္သာရီတိုင်းဒေသကြီး ၊
မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်ကော်မတီဝင်များ လိုက်ပါသည့်ဖွဲ့က မြို့နယ်တွင်းရှိဒေသခံများနှင့်ကွင်း ဆင်း တွေ့ဆုံပြီးဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ လိုအပ်ချက်များနှင့်အခက်အခဲများအား ပြည်သူများနှင့် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိရာ မတ်လ ၉ရက် ၊နံနက် တွင်စလွန်းကျေးရွာနေဒေသခံပါတီဝင်များ၊ ရပ်မိရပ်ဖ များနှင့်ကျေးရွာမှတာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည်။

ကော့သောင်းပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး၍ အင်္ဂလိပ်စကားပြောသင်တန်း ဖွင့်လှစ်

 

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် မြို့နယ်ပြည်ခိုင်ဖြိုးရုံးခန်းမအတွင်း ယခုလ ၃ ရက်မှ စ၍ ပြည်ခိုင်ဖြိုးနှင့် Golden Key Leaguage Centre တို့ ပူးပေါင်းဖွင့်လှစ်သော ပညာဒါနအခမဲ့ အင်္ဂလိပ်စကားပြောသင်တန်းကို နေ့စဉ်အချိန် သုံးပိုင်းခွဲ၍ သင်ကြားပေးလျက်ရှိသည်။

ယင်းတွင် နယ်သာလန်နိုင်ငံသား Mr.Win (NGO)နှင့် ဦးသီဟတို့က သင်ကြားပို့ချလျက်ရှိပြီး ယခုအခါ ပဉ္စမတန်းမှ နဝမတန်းကျောင်းသား ကျောင်းသူ ၁၃၃ ဦး တက်ရောက်သင်ကြားလျက် ရှိကြောင်း သိရသည်။

ကော့သောင်းပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး၍အင်္ဂလိပ်စကားပြောသင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမအတွင်း ယခုလ ၃ ရက်မှစ၍ ပြည်ခိုင်ဖြိုးနှင့် Golden Key Leaguage Centre တို့ ပူးပေါင်းဖွင့်လှစ်သော ပညာဒါနအခမဲ့ အင်္ဂလိပ်စကားပြောသင်တန်းကို နေ့စဉ်အချိန် သုံးပိုင်းခွဲ၍ သင်ကြားပေးလျက်ရှိသည်။

(more…)


မြိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီက စလွန်း-မင်းသန်း ကျေးရွာချင်းဆက် တံတားဆောက်လုပ်နိုင်ရေး အတွက် ငွေကျပ်(၁)သိန်း ထည့်ဝင်လှူဒါန်း

တနင်္သာရီတိုင်းဒေသကြီး ၊မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်ကော်မတီဝင်များ လိုက်ပါသည့်ဖွဲ့က မြို့နယ်တွင်း ရှိဒေသခံများနှင့်ကွင်း ဆင်း တွေ့ဆုံပြီးဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ လိုအပ်ချက်များနှင့်အခက်အခဲများအား ပြည်သူများနှင့် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိရာ မတ်လ ၉ ရက် ၊ နံနက်တွင် စလွန်းကျေးရွာနေ ဒေသခံပါတီဝင်များ၊ ရပ်မိရပ်ဖ များနှင့်ကျေးရွာမှတာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည်။

 

(more…)


မြိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ မြို့နယ် /ရပ်ကျေး မျက်နှာစုံညီ ပုံမှန်အစည်းအဝေးကျင်းပ

 

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ် ရပ်ကျေးပုံမှန်မျက်နှာ စုံညီအစည်းအဝေးကို မတ်လ( ၇ )ရက် (၁၃ဝဝ) အချိန် မြိတ်မြို့ ပြည်ခိုင်ဖြိုးပါတီရုံးအစည်းဝေးခန်းမ၌ကျင်းပ ပြုလုပ်ခဲ့သည်။

အစည်းအဝေးကိုမြိတ်မြို့နယ်ပါတီဥက္ကဌ ဦးမိုးမြင့် နှင့် မြို့နယ်ပါတီကော်မတီ ဝင်များ၊ ကျေးရွာ/ရပ်ကွက် စည်းရုံးရေးမှူးများနှင့်အမာခံပါတီဝင်များ တက်ရောက်ကြပြီး မြိတ်မြို့နယ်ပါတီဥက္ကဌ ဦးမိုးမြင့်က အဖွင့်အမှာ စကားပြောကြားခဲ့သည်။

ဘုတ်ပြင်းမြို့နယ် ပြည်ခိုင်ဖြိုး နိုင်ငံရေးနှင့် စီမံခန့်ခွဲမှု ဆင့်ပွားသင်တန်းဆင်း

 

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမအတွင်း ယခုလ ၂ ရက်က ဘုတ်ပြင်းမြိ့နယ် ပြည်ခိုင်ဖြိုး၏ နိုင်ငံရေးနှင့်စီမံခန့်ခွဲမှု ဆင့်ပွားသင်တန်း ဆင်းပွဲ အခမ်းအနားကို အဆိုပါရုံးခန်းမအတွင်း ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် ခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်သူက အမှာစကားပြောကြားခဲ့ပြီး သင်တန်းအား
ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၂ ရက်အထိ သင်တန်းသား ၆ဝ ဦးအား ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ကြောင်း သိရသည်။

မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ် /ရပ်ကျေး မျက်နှာစုံညီ ပုံမှန်အစည်းအ​ဝေးပြုလုပ်

 

တနင်္သာရီတိုင်းဒေသကြီး ၊မြိတ်မြို့နယ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မြို့နယ် /ရပ်ကျေး ပုံမှန်မျက်နှာစုံညီ အစည်းအဝေး ကို ဖေဖေါ်ဝါရီလ ၇ ရက်၊ နေ့လည် (၁းဝဝ )နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအ​ဝေးတွင်မြိတ်မြို့နယ်ပါတီဥက္ကဌ- ဦးမိုးမြင့်နှင့်
မြို့နယ်ပါတီကော်မတီဝင်များနှင့် ကျေးရွာ/ရပ်ကွက်
များကပါတီစည်းရုံးရေးမှူးများနှင့် အမာခံပါတီဝင်​များ
တက်ရောက်ကြကာ ပထမဦးစွာမြို့နယ်ပါတီဥက္ကဌမှ
အမှာစကားပြောကြားပေးခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံဦးသိန်းဇော် ထားဝယ်မြို့နယ်၌ တိုင်း ခရိုင် မြို့နယ် ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးသိန်းဇော်သည် ယနေ့နံနက် ၈ နာရီက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ပါတီရုံးအစည်းအဝေး ခန်းမ၌ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

ဘုတ်ပြင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲဆောင်ရွက်

 

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့ နယ် ပြည်ခိုင်ဖြိုးရုံးခန်းမအတွင်း ယမန်နေ့နံနက် ၁ဝ နာရီခွဲ က လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။ ယင်းသို့ ဆွေးနွေးရာတွင်ဥက္ကဋ္ဌဦးအောင်ကျော်ဦးက”ပါတီဝင်တိုင်းသည် မိမိတို့ရပ်တည်ခံယူချက်များကိုမပြောင်းလဲဘဲ အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန်နှင့်အထက်မှ လမ်းညွှန်မှာကြားလာသည်များ ကို လိုက်နာဆောင်ရွက်ကြရန်နှင့်မိမိတို့ပါတီမှ အောင်မင်္ဂလာ ရပ်ကွက်ရှိ ရပ်/ကျေးကော်မတီဝင် ဦးကျော်ထိုက်ဦးအား မျက်စိ ဝေဒနာကုသရန်ထောက်ပံ့ငွေကျပ်တစ်သိန်း၊ မြို့နယ်အတွင်းရှိ ရွှေဘုံသာအမကကျောင်းနှင့် ကရသူရိအမကကျောင်းများသို့ ဗလာစာအုပ်များလှူဒါန်းခြင်း၊ ဒီဇင်ဘာအားကစားလတွင် စာသင် ကျောင်းများ၌ တာဝန်ရှိသူများနှင့်ပူးပေါင်းကာ အားကစားပွဲ များဆောင်ရွက်နိုင်ခဲ့သည်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။ ယင်းသို့ မြို့နယ်အတွင်းရေးမှူးဦးကျော် သူရဝင်းတင်နှင့်မြို့နယ်ကော်မတီဝင်များလည်း တက်ရောက်ခဲ့ ကြောင်း သိရသည်။