ကော့သောင်းပြည်ခိုင်ဖြိုးပါတီမှ ကြီးမှူး၍ အင်္ဂလိပ်စကားပြောသင်တန်း ဖွင့်လှစ်

 

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် မြို့နယ်ပြည်ခိုင်ဖြိုးရုံးခန်းမအတွင်း ယခုလ ၃ ရက်မှ စ၍ ပြည်ခိုင်ဖြိုးနှင့် Golden Key Leaguage Centre တို့ ပူးပေါင်းဖွင့်လှစ်သော ပညာဒါနအခမဲ့ အင်္ဂလိပ်စကားပြောသင်တန်းကို နေ့စဉ်အချိန် သုံးပိုင်းခွဲ၍ သင်ကြားပေးလျက်ရှိသည်။

ယင်းတွင် နယ်သာလန်နိုင်ငံသား Mr.Win (NGO)နှင့် ဦးသီဟတို့က သင်ကြားပို့ချလျက်ရှိပြီး ယခုအခါ ပဉ္စမတန်းမှ နဝမတန်းကျောင်းသား ကျောင်းသူ ၁၃၃ ဦး တက်ရောက်သင်ကြားလျက် ရှိကြောင်း သိရသည်။

ရူပ(ကော့သောင်း)