ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်နှင့်အဖွဲ့ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း

 

ရေဖြူ သြဂုတ် ၉

တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးမောင်စိန်နှင့်အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက ရေဖြူမြို့နယ် ပုဂေါဇွန်းကျေးရွာအုပ်စု၊ မင်းဒပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မဝိဟာရ ကျောင်းတိုက်သို့ သွားရောက်၍ ဆရာတော်အရှင်ဥုတ္တမအား ဖူးမြော်ပြီး ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်းနှင့် ဓမ္မဝိဟာရ ကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာတရား နာကြားကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

ထားဝယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရေလွှမ်းဒဏ်ခံရသည့် အိမ်ထောင်စုများအား ခေါက်ဆွဲခြောက်များ၊ သောက်ရေသန့်များနှင့် အချိုရည်များလှူဒါန်း

 

ထားဝယ် သြဂုတ် ၅

ထားဝယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှဥက္ကဌ ဦးယုနိုင်၊ အတွင်းရေးမှူး ဦးအောင်မျိုးထွန်း၊ ဘဏ္ဍာရေးမှူး ဦးသန်းရွှေ၊ မြို့နယ်ကော်မတီဝင် ဦးမျိုးဝင်းသန့်၊ ဦးညီညီကျော်လင်းနှင့် ပကာရီကျေးရွှာအုပ်စု ရပ်ကျေးပါတီဥက္ကဌ ဦးအေးမြင့်တို့သည် ယမန်နေ့ နေ့လည် ၁၂ နာရီအချိန်တွင် ပကာရီကျေးရွှာအုပ်စု ဆန်းချီ(၁) ရပ်ကွက်နှင့် (၂) ရပ်ကွက်ရှိ ရေလွှမ်းဒဏ်ခံရသည့် အိမ်ထောင်စုပေါင်း (၅၀) စုတို့အား မားမားခေါက်ဆွဲ ခြောက်များ၊ သောက်ရေသန့်များနှင့် Speed အချိုရည်များအား အိမ်တိုင်ရာေ၇ာက် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ခွန်အောင်ကျော်စွာ

ထားဝယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ပါတီဆိုင်းဘုတ်များ စိုက်ထူ၍ ရပ်ကွက်‌/ကျေးရွာအုပ်စု ပါတီရုံးများ ဖွင့်လှစ်ခြင်း

 

ထားဝယ်၊ဩဂုတ် ၅

ထားဝယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဥက္ကဋ္ဌ ဦးယုနိုင်၊ အတွင်းရေးမှူး ဦးအောင်မျိုးထွန်း၊ ဘဏ္ဍာရေးမှူး ဦးသန်းရွှေ၊ မြို့နယ်ကော်မတီဝင် ဦးမျိုးဝင်းသန့်၊ ဦးညီညီကျော်လင်းတိုပသည် ယနေ့နံနက် ၇ နာရီတွင် ရှင်မုတ္ထီးကျေးရွာ ဦးသန်းရှိန် နေအိမ်၊ နံနက် ၈ နာရီတွင်က နိုင်းဒါကျေးရွာ ဦးဖေသင်းနေအိမ်၊နံနက် ၉ နာရီတွင်ဇရစ်ရပ်ကွက် ဦးသန်းရွှေ နေအိမ်တို့၌ ပါတီဆိုင်းဘုတ်များ စိုက်ထူကာ အမွှေးနံသာများ ပက်ဖြန်း၍ ရပ်ကွက်/ကျေးရွာအုပ်စု ပါတီရုံးများဖွင့်လှစ်ရာ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက် ပါတီဥက္ကဋ္ဌ များလည်း စုပေါင်းပါဝင်ဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။ ခွန်အောင်ကျော်စွာ

ကျွန်းစုမြို့နယ် ပြည်ခိုင်ဖြိုးပါတီက ပြည်သူ့အကျိုးပြုလုပ်ငန်းများ စုပေါင်းဆောင်ရွက်

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ကျွန်းစုမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးငွေထွန်း၏ ဦးဆောင်မှုနှင့်အတူ မြို့နယ်ပါတီကော်မတီဝင်များနှင့် ပါတီဝင်များလိုက်ပါ၍ ယမန်နေ့ နံနက် ၈ နာရီခွဲက ကျွန်းစုမြို့ အမှတ် (၃) ရပ်ကွက် သီရိမင်္ဂလာဘုန်းတော်ကြီး ကျောင်းအဝင်လမ်း လမ်းဘေးဝဲယာရှိ မြက်ပင်များ၊ ကျောင်းဝင်းအတွင်းရှိ အဆောက်အအုံဝန်းကျင်နှင့် အပြင်ဘက်ဝန်းကျင်ရှိ မြက်ပင်များအား ပေါက်ပြားဖြင့် ပေါက်ပစ်ခြင်း၊ လက်ဖြင့်နုတ်ပစ်ခြင်း၊ အမှိုက်များ ရှင်းလင်းဖယ်ရှားပေးခြင်းဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ပြီး စုပေါင်းလုပ်အားဖြင့် ကုသိုလ် ဒါနပြုခဲ့ကြကြောင်း သိရသည်။

ထားဝယ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အလကရှင်မုတ္ထီးကျောင်းသို့ လက်ဆေးဘေစင်များ ဝယ်ယူနိုင်ရန်အတွက် အလှူငွေများ လှူဒါန်း

 

ထားဝယ် ဇူလိုင် ၂ဝ

ထားဝယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးယုနိုင်၊ ဘဏ္ဍာရေးမှူး ဦးသန်းရွှေ၊ မြို့နယ် ပါတီကော်မတီဝင် ဦးခွန်အောင်ကျော်စွာနှင့် ရှင်မုတ္ထီးကျေးရွာအုပ်စု ရပ်/ကျေးဥက္ကဋ္ဌ ဦးဝင်းရီတို့သည် ယမန်နေ့ နံနက် ၁ဝ နာရီတွင် ရှင်မုတ္ထီးကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းသို့ သွားရောက်ကာ ဆရာ ဆရာမ များနှင့် တွေ့ဆုံ၍ ကျောင်းဖွင့်ချိန်၌ COVID-19 ကူးစက်ရောဂါ ကြိုတင် ကာကွယ်တားဆီးနိုင်ရေးအတွက် လိုအပ်လျက်ရှိသော လက်ဆေးဘေစင်များ ဝယ်ယူနိုင်ရန် အလှူငွေကျပ်နှစ်သိန်းအား ပေးအပ်လှူဒါန်းရာ လက်ထောက်ကျောင်း အုပ်ဆရာမ ဒေါ်သန်းသန်းနွယ်က လက်ခံရယူ၍ ကျေးဇူးတင်ဂုဏ်ပြု စကားများ ပြန်လည် ပြောကြားခဲ့ ကြောင်း သိရသည်။

တနင်္သာရီမြို့နယ် ပြည်ခိုင်ဖြိုးပါတီက COVID-19 ကာလအတွင်း Home Stay မိသားစုများအား ဆန်များကို သက်သာဈေးနှုန်းဖြင့် ရောင်းချပေး

 

တနင်္သာရီ ဇွန် ၁၇

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးထင်ပေါ် ဦးဆောင်မှုနှင့်အတူ မြို့နယ်ပါတီဘဏ္ဍာရေးမှူး ဦးအောင်နု၊ မြို့နယ်ပါတီ ရုံးဦးစီးအဖွဲ့ဝင်ဦးဖြူမျိုးဝင်း၊ ချောင်းငယ်ရပ်ကွက်ဥက္ကဋ္ဌနှင့် ပါတီကော်မတီဝင်တို့ လိုက်ပါ၍ ယမန်နေ့ နံနက် ၉ နာရီက တနင်္သာရီ မြို့နယ် ကျေးရွာများသို့ သွားရောက်ပြီး ပါတီကော်မတီဝင်များနှင့် ပူးပေါင်း၍ Home Stay မိသားစုများထံ ဆန် များကို သက်သာဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။

တနင်္သာရီမြို့နယ် ပြည်ခိုင်ဖြိုးပါတီက COVID-19 ကာလအတွင်း ကျေးရွာများသို့ ဆန်များကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချ

 

တနင်္သာရီ ဇွန် ၁၆