ဘုတ်ပြင်းမြို့နယ် ပြည်ခိုင်ဖြိုး နိုင်ငံရေးနှင့် စီမံခန့်ခွဲမှု ဆင့်ပွားသင်တန်းဆင်း

 

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမအတွင်း ယခုလ ၂ ရက်က ဘုတ်ပြင်းမြိ့နယ် ပြည်ခိုင်ဖြိုး၏ နိုင်ငံရေးနှင့်စီမံခန့်ခွဲမှု ဆင့်ပွားသင်တန်း ဆင်းပွဲ အခမ်းအနားကို အဆိုပါရုံးခန်းမအတွင်း ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် ခရိုင်ပါတီဥက္ကဋ္ဌ ဦးကျော်သူက အမှာစကားပြောကြားခဲ့ပြီး သင်တန်းအား
ဖေဖော်ဝါရီ ၂၈ ရက်မှ မတ်လ ၂ ရက်အထိ သင်တန်းသား ၆ဝ ဦးအား ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ကြောင်း သိရသည်။

မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ် /ရပ်ကျေး မျက်နှာစုံညီ ပုံမှန်အစည်းအ​ဝေးပြုလုပ်

 

တနင်္သာရီတိုင်းဒေသကြီး ၊မြိတ်မြို့နယ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မြို့နယ် /ရပ်ကျေး ပုံမှန်မျက်နှာစုံညီ အစည်းအဝေး ကို ဖေဖေါ်ဝါရီလ ၇ ရက်၊ နေ့လည် (၁းဝဝ )နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအ​ဝေးတွင်မြိတ်မြို့နယ်ပါတီဥက္ကဌ- ဦးမိုးမြင့်နှင့်
မြို့နယ်ပါတီကော်မတီဝင်များနှင့် ကျေးရွာ/ရပ်ကွက်
များကပါတီစည်းရုံးရေးမှူးများနှင့် အမာခံပါတီဝင်​များ
တက်ရောက်ကြကာ ပထမဦးစွာမြို့နယ်ပါတီဥက္ကဌမှ
အမှာစကားပြောကြားပေးခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံဦးသိန်းဇော် ထားဝယ်မြို့နယ်၌ တိုင်း ခရိုင် မြို့နယ် ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးသိန်းဇော်သည် ယနေ့နံနက် ၈ နာရီက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ပါတီရုံးအစည်းအဝေး ခန်းမ၌ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

ဘုတ်ပြင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲဆောင်ရွက်

 

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့ နယ် ပြည်ခိုင်ဖြိုးရုံးခန်းမအတွင်း ယမန်နေ့နံနက် ၁ဝ နာရီခွဲ က လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။ ယင်းသို့ ဆွေးနွေးရာတွင်ဥက္ကဋ္ဌဦးအောင်ကျော်ဦးက”ပါတီဝင်တိုင်းသည် မိမိတို့ရပ်တည်ခံယူချက်များကိုမပြောင်းလဲဘဲ အရှိန်အဟုန်မြှင့် ဆောင်ရွက်ကြရန်နှင့်အထက်မှ လမ်းညွှန်မှာကြားလာသည်များ ကို လိုက်နာဆောင်ရွက်ကြရန်နှင့်မိမိတို့ပါတီမှ အောင်မင်္ဂလာ ရပ်ကွက်ရှိ ရပ်/ကျေးကော်မတီဝင် ဦးကျော်ထိုက်ဦးအား မျက်စိ ဝေဒနာကုသရန်ထောက်ပံ့ငွေကျပ်တစ်သိန်း၊ မြို့နယ်အတွင်းရှိ ရွှေဘုံသာအမကကျောင်းနှင့် ကရသူရိအမကကျောင်းများသို့ ဗလာစာအုပ်များလှူဒါန်းခြင်း၊ ဒီဇင်ဘာအားကစားလတွင် စာသင် ကျောင်းများ၌ တာဝန်ရှိသူများနှင့်ပူးပေါင်းကာ အားကစားပွဲ များဆောင်ရွက်နိုင်ခဲ့သည်များကိုလည်း ထည့်သွင်းဆွေးနွေးခဲ့ ကြောင်း သိရသည်။ ယင်းသို့ မြို့နယ်အတွင်းရေးမှူးဦးကျော် သူရဝင်းတင်နှင့်မြို့နယ်ကော်မတီဝင်များလည်း တက်ရောက်ခဲ့ ကြောင်း သိရသည်။

မြိတ်မြို့နယ် ၊ပြည်ခိုင်ဖြိုးပါတီဥက္ကဌ၊ ရပ်ကွက်ပါတီစည်း/မှူး နှင့် ပါတီဝင်များအား ကွင်းဆင်းတွေ့ဆုံ

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို ကော်မတီဝင် ၊မြိတ်မြို့နယ်ပါတီ ဥက္ကဌ ဦးမိုးမြင့် သည် ဇန်​န၀ါရီ လ ၁၅ရက် ၊ည ၇းဝဝအချိန်ခန့်တွင် မြို့နယ်ပါတီအတွင်းရေးမှူး နှင့်ကော်မတီဝင်များ လိုက်သောအဖွဲ့သည် မြိတ်မြို့ ၊ရေပုန်း-အောင်ချမ်းသာ ရပ်၊ ပြည်ခိုင်ဖြိုးပါတီစည်း/မှူး ဦးစိုးထွန်းဦး ၏နေအိမ်သို့ ရောက်ရှိကာ ၎င်းရပ်ကွက်တွင်းရှိပါတီဝင်များနှင့် တွေ့ဆုံ ကာ သက်ဆိုင်ရာရပ်ကွက်အတွင်းရှိ မိမိတို့ ပြည်ခိုင်ဖြိုး ပါတီဝင်များအနေဖြင့် ပြည်သူ့အကျိုးပြု လှုပ်ရှား ဆောင်ရွက်မှုအခြေအနေများနှင့်ဆောင်ရွက်ရ မည့် ပါတီရှေ့လုပ်ငန်းစဉ်များအားနှီးပွင့်လင်းစွာဆွေးနွေး ညှိနှိုင်းခဲ့ကြပြီး လိုအပ်ချက်များဆိုင်ရာကိစ္စရပ်များအား မြို့နယ်ပါတီ ဥက္ကဌ မှ ဖြည့်ဆည်းပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ပေးခဲ့ကြောင်းသိရသည်။

မြိတ် ပြည်ခိုင်ဖြိုးပါတီက အဘိုးအဘွားရိပ်သာနှင့် ရုံးပတ်ဝန်းကျင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

 

တနင်္သာရီတိုင်းဒေသကြီး၊မြိတ်ခရိုင်/မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ စီစဉ်​မှုဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ဇန်​န၀ါရီလ (၈)ရက်နေ့နံနက်ပိုင်းတွင် မြိတ်မြို့ ကလွင်ကျေးရွာ အုပ်စု ဖိုးဖွားရိပ်သာခြံဝင်းပတ်လည်သန့်ရှင်း သာယာလှပရေး လုပ်အားဒါနပြုဆောင်ရွက်ခဲ့သည်။

ထိုသို့ လုပ်ရာတွင်
မြိတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးဝင်းဆွေနှင့်အတူ ခရိုင် ကော်မတီဝင် ဦးအေးအောင်၊ဦးသန်းဝေ၊ မြိတ်မြို့နယ် ပါတီဥက္ကဌ ဦးမိုးမြင့် နှင့် မြို့နယ်ကော် မတီဝင်များ ၊ရပ်ကွက်/ကျေးရွာပါတီဝင်များနှင့် စည်းရုံးရေးမှူးများ စုစုပေါင်း အင်အား၁၀၀ဦးခန့်တို့မှ စုပေါင်းပါဝင်သန့်ရှင်း ရေး ပြုလုပ်​ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။

ကော့သောင်းမြို့နယ် ပြည်ခိုင်ဖြိုး ပါတီဆွေးနွေးပွဲပြုလုပ်

 

တနသာင်္ရီတိုင်းဒေသကြီး ကော့သောင်းပြည်ခိုင်ဖြိုးရုံးခန်းမ အတွင်း ယခုလ ၁၅ရက် နံနက် ၁ဝနာရီက မြို့နယ်ပါတီဥက္ကဋ္ဌ ဦးယုနိုင်က မြို့နယ်ကော်မတီဝင်များနှင့်တွေ့ဆုံကာ ရေးရာကိစ္စရပ် များကိုဆွေးနွေးခဲ့ကြသည်။ ယင်းတွင် မြို့နယ်ပါတီဥက္ကဋ္ဌက ‘လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတလုပ်ငန်းများတွင်လည်း’ ကူညီ ဆောင်ရွက်ကြရန် အကျယ်တဝင့်ဆွေးနွေးခြင်းများပြုလုပ် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။ ယင်းဆွေးနွေးပွဲ သို့မြို့နယ်ပါတီအတွင်းရေး မှူးဦးအောင်ကြူနိုင်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရုံးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

တနင်္သာရီတိုင်းဒေသကြီး ပါတီနာယက ကျေးရွာဝံသာနုရက္ခိတ အဖွဲ့အား အလှူငွေပေးအပ်

 

တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နာယက တစ်ဦးဖြစ်သော ဦးကင်းစိန်သည် ဒီဇင်ဘာ (၁၂) ရက် မွန်းလွဲ (၁) နာရီ အချိန်တွင် ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ နယ်မြေ တာဝန်ခံများနှင့်အတူ သရက်ချောင်းမြို့နယ် ပဲဒက်ကျေးရွာသို့သွားရောက်၍ ကျေးရွာဝံသာနုရက္ခိတအဖွဲ့နှင့် တွေဆုံသည်။

ဗဟိုကော်မတီဝင် ကျေးရွာပါတီဝင်၊ ဒေသခံများနှင့်တွေ့ဆုံပြီး ကျန်းမာရေးဝေဒနာရှင် ပါတီဝင်အတွက် ဆေးကုသမှု စရိတ် သွားရောက်ထောက်ပံ့ကူညီ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်၊ မြိတ်မြို့နယ်ဥက္ကဌ ဦးမိုးမြင့် သည် မြို့နယ်ပါတီ ကော်မတီဝင်များ၊ နယ်မြေတာဝန်ခံ ပါတီကော်မတီဝင်များလိုက်ပါလျက် နိုဝင်ဘာလ ၁၉ ရက် နံနက်ပိုင်းတွင် မြို့နယ်အတွင်းရှိ ကျေးရွာပြည်ခိုင်ဖြိုးပါတီဝင်များနှင့် ကျေးရွာဒေသခံသွားရောက်ကွင်းဆင်းတွေ့ဆုံကာ ပါတီဝင် မိသားစုအတွက် ဆေးကုသမှုစရိတ် ကူညီထောက်ပံ့ ပေးအပ်ခဲ့ကြောင်းသိရသည်။

myeik

(more…)


သရက်ချောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မီဒီယာနှင့် လူထုဆက်သွယ်ရေးသင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မီဒီယာနှင့် လူထုဆက်သွယ်ရေးသင်တန်း အမှတ်စဉ် (၁/၂ဝ၁၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ (၁၉) ရက် နံနက် (၉) နာရီက မြို့နယ်ပါတီရုံးခန်းမတွင် ကျင်းပခဲ့သည်။

tha-yet-chaung

(more…)