ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံဦးသိန်းဇော် ထားဝယ်မြို့နယ်၌ တိုင်း ခရိုင် မြို့နယ် ပါတီကော်မတီဝင်များနှင့်တွေ့ဆုံ

 

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးသိန်းဇော်သည် ယနေ့နံနက် ၈ နာရီက တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ ပါတီရုံးအစည်းအဝေး ခန်းမ၌ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် ရှေးဦးစွာ တိုင်း ဒေသကြီးပါတီအတွင်းရေးမှူး ဦး နေမျိုးကပါတီ၏ စည်းရုံးရေးအခြေ အနေများကို ရှင်းလင်းတင်ပြရာ ဗဟိုအတိုင်ပင်ခံ ဦးသိန်းဇော်က လက်ရှိဆောင်ရွက်လျက်ရှိသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေအ နေများကို ရှင်းလင်းပြောကြားပြီး ပါတီဝင်များအနေဖြင့်မိမိတို့အချင်း ချင်းစည်းလုံးညီညွတ်ရေး၊ ပြည်သူ များနှင့်မပြတ်ထိတွေ့ရေး၊ ပြည်သူ များ၏လိုအပ်ချက်များကို ရှာဖွေ တင်ပြဖြည့်ဆည်းပေးနိုင်ရေးဆောင် ရွက်ရင်း ပါတီ၏စည်းလုံးရေးလုပ် ငန်းများ အောင်မြင်အောင် ဆောင် ရွက်ကြရန် အားပေးမှာကြားခဲ့ သည်။

စံလင်း