သရက်ချောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ မီဒီယာနှင့် လူထုဆက်သွယ်ရေးသင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မီဒီယာနှင့် လူထုဆက်သွယ်ရေးသင်တန်း အမှတ်စဉ် (၁/၂ဝ၁၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ (၁၉) ရက် နံနက် (၉) နာရီက မြို့နယ်ပါတီရုံးခန်းမတွင် ကျင်းပခဲ့သည်။

tha-yet-chaung

ဖွင့်ပွဲအခမ်းအနားတွင် ပါတီဗဟိုကော်မတီဝင် ဦးကင်းစိန်က အဖွင့်အမှာစကားပြောကြားကာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးထွေးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် ထားဝယ်ခရိုင်ပါတီ အတွင်းရေးမှူး ဦးထိန်ဝင်းကလည်း ပါတီဝင်များနှင့် ပြည်သူလူထုတို့ကို မီဒီယာနှင့် လူထုဆက်သွယ်ရေးနည်းလမ်း ဖြင့် အကျိုးပြုဆောင်ရွက်ရေးကို ဆွေးနွေးပြောကြားကာ ဖွင့်ပွဲ အခမ်းအနားကိုရုပ်သိမ်းလိုက်သည်။

အဆိုပါဖွင့်ပွဲသို့ ပါတီဗဟိုကော်မတီဝင် ဦးကင်းစိန်၊ ခရိုင်ပါတီအတွင်းရေးမှူး ဦးထိန်ဝင်း၊ ခရိုင်ပါတီကော်မတီဝင် ဦးညီညီအေးနှင့် ဒေါ်ရီရီသန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုးထွေးနှင့် ကော်မတီဝင်များ၊ သင်တန်းသား သင်တန်းသူ ၃ဝ၊ စုစုပေါင်း အင်အား ၃၅ ဦး တက်ရောက်ကြကာ သင်တန်းကို နှစ်ရက်ကြာဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ပြုံးချို


Leave a Reply