မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ် /ရပ်ကျေး မျက်နှာစုံညီ ပုံမှန်အစည်းအ​ဝေးပြုလုပ်

 

တနင်္သာရီတိုင်းဒေသကြီး ၊မြိတ်မြို့နယ်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ မြို့နယ် /ရပ်ကျေး ပုံမှန်မျက်နှာစုံညီ အစည်းအဝေး ကို ဖေဖေါ်ဝါရီလ ၇ ရက်၊ နေ့လည် (၁းဝဝ )နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအ​ဝေးတွင်မြိတ်မြို့နယ်ပါတီဥက္ကဌ- ဦးမိုးမြင့်နှင့်
မြို့နယ်ပါတီကော်မတီဝင်များနှင့် ကျေးရွာ/ရပ်ကွက်
များကပါတီစည်းရုံးရေးမှူးများနှင့် အမာခံပါတီဝင်​များ
တက်ရောက်ကြကာ ပထမဦးစွာမြို့နယ်ပါတီဥက္ကဌမှ
အမှာစကားပြောကြားပေးခဲ့သည်။

ဆက်လက်၍အစည်းအ​ဝေးတက်ရောက်လာသည့် မြိတ်မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်ကွက်၊ ကျေးများကပါတီစည်းမှူးတို့က မြိတ်မြို့ နယ် ပြည်ခိုင်ဖြိုးပါတီ၏ပြည်သူ့အကျိုးပြုလှုပ်ရှားဆောင် ရွက်ထားရှိမှုအခြေအနေ နှင့် ပါတီရှေ့လုပ်ငန်းစဉ်များချမှတ် ရေးဆွဲခြင်းဆိုင်ရာကိစ္စများကို အပြန် အလှန်ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။ ထို့နောက် မြိတ်မြို့နယ်ပါတီအနေဖြင့်ရှေ့လုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍ဆောင်ရွက်စရာ ကိစ္စရပ် အသေးစိတ်တို့ကို အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်ပါတီဥက္ကဌ မှအစီအမံများချမှတ် လမ်းညွန်မှာကြားခဲ့ပြီး လိုအပ်ချက်များ အားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

Kyaw Linn