မြိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီက စလွန်း-မင်းသန်း ကျေးရွာချင်းဆက် တံတားဆောက်လုပ်နိုင်ရေးအတွက် ငွေကျပ်(၁)သိန်း ထည့်ဝင်လှူဒါန်း

 

တနင်္သာရီတိုင်းဒေသကြီး ၊
မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဌနှင့်ကော်မတီဝင်များ လိုက်ပါသည့်ဖွဲ့က မြို့နယ်တွင်းရှိဒေသခံများနှင့်ကွင်း ဆင်း တွေ့ဆုံပြီးဒေသတွင်းဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ လိုအပ်ချက်များနှင့်အခက်အခဲများအား ပြည်သူများနှင့် ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိရာ မတ်လ ၉ရက် ၊နံနက် တွင်စလွန်းကျေးရွာနေဒေသခံပါတီဝင်များ၊ ရပ်မိရပ်ဖ များနှင့်ကျေးရွာမှတာဝန်ရှိသူများနှင့်တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံစဉ် ကျေးရွာနေဒေသခံများကမိမိတို့ ဒေသ ဖွံ့ဖြိုးရေးအတွက်လိုအပ်ချက်၊အခက်အခဲများအားတင်ပြ ကြရာ တင်ပြချက်များအရ ကျေးရွာချင်းဆက်ကိုယ်ထူ ကိုယ်ထ ဆောင်ရွက်လျက်ရှိသည့် စလွန်း-မင်းသန်း ပေါင်းကူးတံတားဆောက်လုပ်နိုင်ရေးအတွက်မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီမှထည့်ဝင်သည့်မတည်ငွေ(၁)သိန်းကျပ် ကိုမြို့နယ်ပါတီဥက္ကဌ ဦးမိုးမြင့်မှ ကူညီထည့်ဝင်ပေးအပ် ခဲ့ရာရပ်မိ ရပ်ဖများနှင့်ကျေးရွာဒေသခံများက လက်ခံရ ယူခဲ့သည်။
အဆိုပါကျေးရွာချင်းဆက်တံတားတည်ဆောက်နိုင်ရေး အတွက်စလွန်းကျေးရွာကျောင်းတိုက်ဆရာတော်မှဦးစီး ဆောင်ရွက်လျက်ရှိပြီးတံတား၏ အလျားအရှည်၇၀´ပေ အကျယ်၁၀ပေရှိပြီး ၎င်းတံတားတည်ဆောက်ပြီးစီးမှု အတွက်ကုန်ကျ စရိတ်ကိုကျေးရွာဒေသခံများကကိုယ်ထူ ကိုယ်ထ ပူးပေါင်းထည့်ဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Kyaw Linn