တနင်္သာရီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသန်းအောင် ပါတီပုံမှန်အစည်းအဝေးပွဲ တက်ရောက်

 

ထားဝယ် ဇွန် ၅

တနင်္သာရီတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက လစဉ်ပုံမှန် အစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးတွင် ပါတီဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးသန်းအောင်က အဖွင့် အမှာစကား ပြောကြားခဲ့သည်။

မြိတ်ခရိုင်ပြည်ခိုင်ဖြိုး ပါတီရုံး၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

တနင်္သာရီ ဇွန် ၎

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမတွင် လေးမြို့နယ်၏ ပါတီဥက္ကဋ္ဌများနှင့် ခရိုင်ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝ နာရီ ၁၅ မိနစ်က ကျင်းပခဲ့ကြောင်း သိရသည်။

တနင်္သာရီ် ပြည်ခိုင်ဖြိုးပါတီမှ ဦးဆောင်၍ လက်ဖက်ရည်စကားဝိုင်း ဆောင်ရွက်

 

တနင်္သာရီ မေ ၂၂

တနင်္သာရီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးဆောင်သော အဖွဲ့သည် ယမန်နေ့ နံနက် ၈နာရီ မိနစ်၂ဝ က စတင်၍ အရှေ့မော်တုန်း ကျေးရွာအုပ်စု၊ အနောက်မော်တုန်း ကျေးရွာအုပ်စု၊ ဇဝဲကျေးရွာ အုပ်စု၊ ဘန်းလမွတ် ကျေးရွာအုပ်စုတို့တွင် ပါတီကော်မတီဝင်များနှင့် တွေ့ဆုံကာ လက်ဖက်ရည်စကားဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။

မြိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီကော်မတီ အစည်းအ​ဝေးကျင်းပ

 

မြိတ်၊ ဧပြီ ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရှေ့လုပ်ငန်းစဉ်ညှိနှိုင်းအစည်းအဝေးကို ဧပြီလ ( ၂၄ )ရက်၊ (၁၃းဝဝ)အချိန်တွင် မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခမ်းမ၌ ကျင်းပပြုလုပ်ခဲ့ကြ သည်။

အစည်းအ​ဝေးတွင် မြို့နယ်ပါတီကော်မတီဝင်များက သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအလိုက်ပါတီ ရှေ့လုပ်ငန်းစဉ်များ ၊ဒေသဖွံ့ဖြိုးရေး အကျိုးပြုငန်းများ အကောင်ထည်ဖေါ် ဆောင်ရွက်နိုင်ရေး၊ ပါတီဝင်များ အနေဖြင့် အမျိုးသားရေးတာဝန်သိစိတ်ဖြင့် ဆောင်ရွက်ကြရမည့် ရှေ့လုပ်ငန်းစဉ်များဆိုင်ရာ ကိစ္စတို့ကို ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေး ခဲ့ကြသည်။

ပြည်ခိုင်ဖြိုးပါတီ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ရပ်ကျေးစည်းရုံးရေးမှူးများ မွမ်းမံသင်တန်းဖွင့်ပွဲ တက်ရောက်

 

လောင်းလုံး ဧပြီ ၁

တနင်္သာရီတိုင်းဒေသကြီး လောင်း လုံးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရပ်ကွက်၊ ကျေးရွာ စည်းရုံးရေးမှူးများ မွမ်းမံသင်တန်း အမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီတွင် ကျင်းပခဲ့ ကြောင်း သိရသည်။

မြိတ်မြို့နယ်ပြည်ခိုင်ဖြိုးပါတီ စွမ်းရည်မြင့်တင်ရေး သင်တန်းဆင်းပွဲကျင်းပ

 

မြိတ်၊ မတ် ၃၁

တနင်္သာရီတိုင်းဒေသကြီး ၊မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဖွင့်လှစ် ကြီးမှူးဖွင့်လှစ်သည့် ” စွမ်းရည်မြင့်တင်ရေး(၁/၂၀၁၉)သင်တန်းဆင်းပွဲ ကျင်းပခဲ့သည်။

အခမ်းအနားကို ယမန်နေ့ မတ်လ (၃၁)ရက်၊ညနေ ၃းဝ၀ အချိန်ခန့်က မြိတ်မြို့ ပြည်ခိုင်ဖြိုးပါတီရုံး သင်တန်း ခန်းမ၌ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ဗဟိုကော်မတီဝင် ဦးတင်စိုး၊ မြိတ်ခရိုင်ပါတီဥက္ကဌ ဦးဝင်းဆွေ၊ မြိတ်မြို့နယ်ဥက္ကဌ ဦးမိုးမြင့်၊ အတွင်းရေးမှူး ဦးကိုကိုကြီး၊ မြိတ်ခရိုင်နှင့် မြို့နယ် အဆင့်ပါတီကော်မတီဝင်များ ၊ရပ်ကွက်/ကျေးရွာ စည်းရုံးရေးမှူးများနှင့် ပါတီဝင်များ တက်ရောက် ကြပြီး မြိတ်ခရိုင်ပါတီဥက္ကဌဦးဝင်ဆွေမှသင်တန်းဆင်း အမှာစကားပြောကြားခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌထားဝယ်မြို့နယ် ရပ်ကျေးအုပ်စုပါတီကော်မတီဝင်များ မွမ်းမံသင်တန်းဖွင့်ပွဲ တက်ရောက်

 

ထားဝယ် မတ် ၂၅

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရပ်ကွက် ကျေးရွာအုပ်စုကော်မတီဝင်များ မွမ်းမံ သင်တန်း(၁/၂ဝ၁၉)ဖွင့်ပွဲကို တိုင်းဒေသကြီးပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့ရာ ပါတီဗဟိုအလုပ်အမှုဆောင် တနင်္သာရီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌ တက်ရောက်ခဲ့သည်။အခမ်းအနားကို နိုင်ငံတော်အလံအား အလေးပြုပြီး နိုင်ငံတော်သီချင်းဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီးနောက် ပါတီဗဟိုအလုပ်အမှုဆောင် တနင်္သာရီတိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ ဦးသန်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။

သရက်ချောင်းမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လက်တွေ့စည်းရုံးရေးမွမ်းမံသင်တန်းဖွင့်

 

သရက်ချောင်း မတ် ၂၅

တနင်္သာရီတိုင်းဒေသကြီး သရက် ချောင်းမြို့နယ် ပဲဒက်ကျေးရွာအုပ်စု ပဲဒက် စံပြကျေးရွာရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက လက်တွေ့စည်းရုံး ရေးမွမ်းမံသင်တန်းအမှတ်စဉ် (၃/၂ဝ၁၉) ကို ဖွင့်လှစ်ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ မြိတ်ခရိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များတွေ့ဆုံပွဲတက်ရောက်

 

မြိတ် မတ် ၁ဝ

တနင်္သာရီ တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ မြိတ်ခရိုင်နှင့် မြို့နယ် ပါတီကော်မတီဝင်များ တွေ့ဆုံညှိ နှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ပိုင်းတွင် မြိတ်မြို့ ပြည်ခိုင်ဖြိုးပါတီ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပ ခဲ့သည်။

မြိတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

 

မြိတ် မတ် ၃

တနင်္သာရီတိုင်းဒေသကြီးမြိတ် ခရိုင် မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမိုးမြင့်၊အတွင်းရေး မှူး ကိုကိုကြီး နှင့်နယ်မြေတာဝန်ခံ ကော် မတီဝင်များလိုက်ပါသောအဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းက မြိတ်မြို့နယ် ဟန်းကျေးရွာ အုပ်စု စည်းရုံးရေးမှူးနှင့်ပါတီဝင်များ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။