မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဝင်ကတ်ပြား ပေးအပ်ပွဲ ကျင်းပ

 

တနင်္သာရီ ဖေဖော်ဝါရီ ၂၄

တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီဝင် ကတ်ပြား ပေးအပ်ပွဲအခမ်းအနား ကို ယမန်နေ့ မွန်းလွဲပိုင်းက မြိတ် မြို့နယ် မြိတ်တောင်ကျေးရွာအုပ်စု ပါတီရုံးခန်းမတွင် ကျင်းပခဲ့သည်။

တနင်္သာရီမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ညောင်ပင်ကွင်း အနောက်အလက(ခွဲ)ကျောင်း ပညာရေးစုံညီပွဲတော်သို့ တက်ရောက်ဆုချီးမြှင့်

 

13 February 2019

တနင်္သာရီမြို့နယ် ညောင်ပင်ကွင်းကျေးရွာအုပ်စု ညောင်ပင်ကွင်း အနောက်ရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကျောင်းဝင်း အတွင်းကျင်းပသည့် ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ် ပညာရေးစုံညီ ပွဲတော်နှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲသို့ မြို့နယ်ပြည်ခိုင်ဖြိုးပါတီမှ ယမန်နေ့ ည ၈ နာရီက သွားရောက်၍ ဆုငွေများချီးမြှင့်ခဲ့ကြောင်း သိရသည်။

လောင်းလုံးမြို့နယ်ပြည်ခိုင်ဖြိုးပါတီ လက်ဖက်ရည်စကားဝိုင်းကျင်းပ

 

လောင်းလုံး ဇန်နဝါရီ ၂၇

လောင်းလုံးမြို့နယ် ကရင်ကြီးကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီရုံး၌ ယမန်နေ့မွန်းလွဲ ၁ နာရီက လက်ဖက်ရည်စကားဝိုင်းဖွဲ့ဆွေးနွေးပွဲသို့ ခရိုင်အတွင်းရေးမှူးဦးကျော်မြင့်၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်မောင် မြင့်၊ အတွင်းရေးမှူးဦးသိန်းသန်း၊ မြို့နယ် ကော်မတီဝင်များဖြစ်သော ဦးမင်းယုသန်း၊ ဦးတင်နိုင်၊ ဦးမင်းနိုင်၊ ဦးလေးလေး၊ ဦးမြင့်လွင်နှင့် ကျေးရွာစည်းမှူးများတက်ရောက်ခဲ့ပြီး ပါတီဝင်များစိစစ်ခြင်းနှင့် ပါတီဝင်အင်အားတိုးပွားခြင်းများကို ကျေးရွာစည်းမှူးများနှင့် အပြန် အလှန်ဆွေးနွေးကြသည်။

တနင်္သာရီမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပညာရည်ချွန်ဆုပေးအပ်ချီးမြှင့်

 

တနင်္သာရီ ဇန်နဝါရီ ၇

တနင်္သာရီမြို့နယ် သကျက်ကျေးရွာ အုပ်စု တောင်ဘိန်းကွင်းသစ်ရွာ အခြေခံ ပညာမူလတန်းကျောင်း ကျောင်းဝင်း အတွင်း၌ ကျင်းပသည့် ပညာရေးစုံညီ ပွဲတော်သို့ တနင်္သာရီမြို့နယ် ပြည်ခိုင်ဖြိုး ပါတီအဖွဲ့မှ ယမန်နေ့ည ၈ နာရီက သွား ရောက်ကာ ဆုများအသီးသီး ချီးမြှင့်ခဲ့ ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲအခမ်းအနားကျင်းပ

 

ထားဝယ်၊ နိုဝင်ဘာ ၁၄

ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ တနင်္သာရီမြို့နယ်ပြည်ခိုင်ဖြိုးပါတီကျင်းပ

 

တနင်္သာရီ အောက်တိုဘာ ၁၆

တနင်္သာရီတိုင်းဒေသကြီးမြိတ် ခရိုင် တနင်္သာရီမြို့နယ် ပြည်ခိုင်ဖြိုး ပါတီမှကြီးမှူး၍ ယမန်နေ့နံနက် ၉ နာရီ ၄၅မိနစ်က ဗဟိုအမျိုးသမီး ညီလာခံအကြို နှီးနှောဖလှယ်ပွဲ အခမ်းအနားကို တနင်္သာရီမြို့-မြတ်ပန်းတော်ဝင်ဟိုတယ်ခန်းမ၌ ကျင်းပခဲ့သည်။

အစီအစဉ်အရ သဘာပတိ မြို့နယ်ပြည်ခိုင်ဖြိုးအမျိုးသမီး ရေးရာကော်မတီဝင် ဒေါ်ဌေးဌေး ဝင်းနှင့်အဖွဲ့မှနေရာယူ၍ အခမ်း အနားကို နိုင်ငံတော်အလံအား အလေးပြုပြီး နိုင်ငံတော်သီချင်း သီဆိုဖွင့်လှစ်ခဲ့ကာ သဘာပတိက အဖွင့်အမှာစကားပြောကြားပေးသည်။

ဗဟိုအမျိုးသမီးညီလာခံကိုကြိုဆိုဂုဏ်ပြု သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ပြည်သူ့အကျိုးပြုလုပ်ငန်းများစုပေါင်းဆောင်ရွက်

 

တနင်္သာရီ အောက်တိုဘာ ၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီ ဗဟိုအမျိုးသမီးညီလာခံ ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြိတ်ခရိုင်-တနင်္သာရီမြို့နယ် ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးထင်ပေါ် ဦးဆောင်မှုဖြင့် ပထမအကြိမ်လွှတ် တော်ကိုယ်စားလှယ်များ၊ မြို့နယ် ပါတီကော်မတီဝင်များ၊အမျိုးသမီး ရေးရာအဖွဲ့ဝင်များ၊ ပါတီဝင်များ စုစုပေါင်းအင်အား ၇ဝ တို့သည် ယမန်နေ့ နံနက် ၉ နာရီခွဲက တနင်္သာရီမြို့ ချောင်းရပ်ကွက် ရိပ်သာဘုန်းတော်ကြီးကျောင်းရှိ သဘာဝဘိုးဘွားရိပ်သာတွင် နေ့ ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် ၄င်းရိပ်သာအတွင်း ပတ်ဝန်းကျင် တွင် ပြည်သူ့အကျိုးပြုလုပ်ငန်းများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲ မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကျင်းပ

 

မြိတ် အောက်တိုဘာ ၈

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကြီးမှူးကျင်းပသည့် ဗဟိုအမျိုးသမီးညီလာခံ အကြိုနှီးနှောဖလှယ် ပွဲကို မြိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံးတွင် ယမန်နေ့ နံနက် ၈နာရီခွဲကကျင်းပခဲ့ရာ တိုင်းဒေသကြီး ကော်မတီဝင်ဦးသိန်းလွင်၊ မြိတ်ခရိုင်ပါတီ ဥက္ကဋ္ဌဦးဝင်းဆွေ၊ အတွင်းရေးမှူးဦးအောင်ဇော်မိုးနှင့် ခရိုင်ကော်မတီဝင်များ၊ မြိတ်မြို့ နယ်ပါတီဥက္ကဋ္ဌ ဦးမိုးမြင့်၊ အတွင်းရေးမှူးကိုကိုကြီး၊ မြိတ်မြို့နယ်အမျိုးသမီးရေးရာ တာဝန်ခံခေါင်းဆောင် ဒေါ်နီလာမြင့်နှင့် မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာ ပါတီဥက္ကဋ္ဌများ၊ ရပ်ကွက်၊ ကျေးရွာ အမျိုးသမီးရေးရာအဖွဲ့ဝင်များ စုစုပေါင်း အင်အား ၁၅ဝကျော် တက်ရောက်ခဲ့သည်။

တနင်္သာရီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

တနင်္သာရီ အောက်တိုဘာ ၇

တနင်္သာရီမြို့နယ် ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်အင်အားတိုးပွားရေးအတွက် ကွင်းဆင်းစည်းရုံးဆောင်ရွက်ရန်လုပ် ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၈နာရီ ၁၅ မိနစ်က ဘိုးဘွား ရိပ်သာဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးတွင် မြို့ နယ်ပါတီဥက္ကဋ္ဌ ဦးထင်ပေါ်က မြို့ နယ်ပါတီ၏ ရပ်ကွက်/ကျေးရွာ အုပ်စုအလိုက်ပါတီဖွဲ့စည်းပုံအခြေ အနေ၊လူငယ်ရေးရာနှင့်အမျိုးသမီး ရေးရာဖွဲ့စည်းပုံအခြေအနေကို ရှင်း လင်းပြောကြားခဲ့သည်။