တနင်္သာရီမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ပညာရည်ချွန်ဆုပေးအပ်ချီးမြှင့်

 

တနင်္သာရီ ဇန်နဝါရီ ၇

တနင်္သာရီမြို့နယ် သကျက်ကျေးရွာ အုပ်စု တောင်ဘိန်းကွင်းသစ်ရွာ အခြေခံ ပညာမူလတန်းကျောင်း ကျောင်းဝင်း အတွင်း၌ ကျင်းပသည့် ပညာရေးစုံညီ ပွဲတော်သို့ တနင်္သာရီမြို့နယ် ပြည်ခိုင်ဖြိုး ပါတီအဖွဲ့မှ ယမန်နေ့ည ၈ နာရီက သွား ရောက်ကာ ဆုများအသီးသီး ချီးမြှင့်ခဲ့ ကြောင်း သိရသည်။

ယင်းဆုများ ချီးမြှင့်ရာတွင် တနင်္သာရီ မြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးသန်းနိုင်၊ ဘဏ္ဍာရေးမှူး ဦးအင်ကွီး တို့က တနင်္သာရီ အထကကျောင်းမှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့သော မပိုးအိစံနှင့် မသူဇာနွေးတို့အား တစ်ဦး လျှင် ငွေကျပ် နှစ်သောင်းစီကို ပညာရည် ချွန်ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကျောင်းသား ကျောင်းသူများ က တေးသီချင်းများဖြင့် ယိမ်းအကအလှ များ ဖျော်ဖြေခဲ့ခြင်းကို ကြည့်ရှုအားပေးပြီး အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူး၊ ကော်မတီ ဝင်များနှင့် ရုံးအဖွဲ့တို့က ဆုများကို အသီး သီး ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

ဖြူမျိုး(တနင်္သာရီ)